လွန်ခဲ့တဲ့လတွေတုန်းက Apple ရဲ့ Mix Reality Headset နဲ့ပတ်သက်တဲ့သတင်းတွေ အားကောင်းခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီ Headset ကို ဘယ်အချိန်မှာ တရားဝင်ကြေညာမယ်ဆိုတာမသိသေးပေမဲ့ မကြာခင်ကျင်းပမဲ့ WWDC မှာတော့ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

Apple ရဲ့ “realityOS” ပလက်ဖောင်းအသစ်ကို ကိုးကားပြီး Mix Reality Headset ကို စိတ်ဝင်စားနေကြပေမဲ့ လက်တွေ့မြင်ကြရဖို့ အလှမ်းဝေးနေသေးတယ်လို့ လေ့လာသူ Ming-Chi Kuo က ဆိုပါတယ်။ Apple အနေနဲ့ ဒီ Project ကို စတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့လည်း Kuo က မှတ်ချက်ပေးပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်အချိုကတော့ ဒီ Headset ရဲ့ Hardware Spec နဲ့ OS design ကို ကြည့်ရှုဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေကြမယ် လို့ Kuo က သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။ ဒါတင်မကသေးပါဘူး။ အကယ်၍သာ Apple အနေနဲ့ သူ့ရဲ့ AR/MR headset နဲ့ OS ကို WWDC မှာ ကြေညာလိုက်မယ်ဆိုရင် ပြိုင်ဘက်တွေက အမြန်ပဲ Copycat projects တွေ စတင်ပြီး Apple ရဲ့ Idea ကို ပျော်ပျော်ကြီး ကော်ပီကူးကြမှာသေချာတယ် လို့လည်း မှတ်ချက်ပေးရေးသားခဲ့ပါသေးတယ်။

မျှော်လင့်ထားတာတွေ မှန်ကန်မယ်ဆိုရင်တော့ iOS 16, iPadOS 16, watchOS 9 နဲ့ macOS ရဲ့ နောက်ဆုံးထွက်ရှိမှုတွေကို မြင်တွေ့ရမဲ့ လုပ်ရိုးလုပ်စဉ်ပွဲတစ်ခုကိုပဲ ကျင်းပလာဖွယ်ရှိပါတယ်။ ဒီ Event ကို ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena