Apple က ဒီနှစ်ထဲမှာ Safari Browser မှာ AI ထည့်သွင်းပေးမယ်လို့ သတင်းထွက်လာပါတယ်။ နောက်မျိုးဆက် Safari Version ကို ဇွန်လ Apple Worldwide Developers Conference မှာ iOS 18 နဲ့အတူ ကြေညာနိုင်ပါတယ်။

Apple's Safari browser will get an AI makeover this year - GSMArena.com news

Safari မှာ Web Page ၁ ခုက စာတွေကို အကျဉ်းချုပ်ပြသပေးနိုင်တဲ့ Intelligent Search ပါလာမှာ ဖြစ်ပါတယ်။ Apple ရဲ့ Large Language Model (LLM) က ဝါကျတွေကို ခွဲခြားနိုင်ပြီး User ကို အဓိကကျတဲ့ ဝါကျတွေကို မီးမောင်းထိုးပြပေးနိုင်မှာပါ။

Apple's Safari Browser May Let You Erase Ads Completely With New AI Makeover

Web Eraser က Web Page ထဲက  ကြော်ငြာ၊ ဓါတ်ပုံ၊ စာသား တို့လို အစိတ်အပိုင်း တချို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ သင်က ကြည့်ပြီးတဲ့ Page ကို ထပ်မံသွားတဲ့အခါ အဲဒီ Page ကို ပြင်ဆင်ထားတယ်ဆိုတာကို အသိပေးမှာပါ။ သင်က မူလ Page ကို ပြန်လည် ကြည့်ရှုနိုင်ခွင့်ရှိပါတယ်။

နောက်နှစ်မှာ Apple ဟာ စွမ်းရည်မြင့် Visual Search Feature ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး ဓါတ်ပုံတွေကို ကြည့်တဲ့အခါ Consumer Products သတင်းအချက်အလက်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena