ဖုန်းဝယ်ပြီဆိုမှတော့ App စုံစုံလင်လင်သုံးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တချို့ App တွေက Offline သုံးလို့ရတဲ့ ဂိမ်းတွေ  Website တွေ ပါပေမယ့်လို့ တချို့ App တွေကတော့ Online ဖွင့်ရပြီး ဖုန်းရဲ့ သိုလှောင်နိုင်စွမ်းမှာလည်း Memory တော်တော်များများ နေရာယူထားပါတယ်။

ဘယ် Social App တွေက သင့်ဖုန်းကို လေးစေပါသလဲ။

Snapchat

iOS User တွေကတော့ ဒီ Icon လေးကို မြင်ဖူးမှာပါ။ ဒီ App ကို မြန်မာနိုင်ငံမှာ သိပ်မသုံးကြပါဘူး။ဒါပေမယ့် သုံးမိပြီဆိုရင်တော့ Bill တွေက ဝှစ်ခနဲ လှစ်ခနဲပါပဲ။ Installed လုပ်ထားပြီဆိုရင်လည်း ယူထားတဲ့ နေရာက နည်းနည်းနောနောပါလား။ တခါတရံ ဖုန်းလေးတာ သူလေးကြောင့်လည်း ပါပါတယ်။

Tumblr

ဓာတ်ပုံလှလှလေးတွေ အများကြီးရှိတဲ့နေရာပါ။ Storage များသလို Bill လည်း အရမ်းကုန်ပါတယ်။ Pinterest ကတော့ သူ့လောက် Bill မစားပါဘူး။

Google Chrome Browser

ဖုန်းတိုင်းနီးပါးမှာရှိတဲ့ ခရုမ်းဆိုတဲ့ အလုံးလေးပါ။ လိုချင်တာ သိချင်တာ တစ်ခုခုရှိရင် သူ့ဆီပြေးလွှားရှာနေရလို့ Bill တွေ ဖြတ်သွားတာ တူပါတယ်။ ဘာရှာရှာ ရတဲ့ Search Engine ကြီးဆိုတော့လည်း နေရာအကြီးကြီး ယူထားတာ မဆန်းပါဘူး။

Facebook

နာမည်ကျော် ဇာတ်လိုက်ကြီးလာပါပြီ။ ပျမ်းမျှ လူဆယ်ယောက်မှာ ခုနစ်ယောက်လောက် သုံးတဲ့ Facebook ကတော့ တကယ့်ကို ရေပန်းအစားဆုံးပါပဲ။ App Size ကြီးပါတယ်။ Bill ဆိုတာလည်း နေ့မြင်ညပျောက်ပါပဲ။ Package ဝယ်ရင်ဝယ် မဝယ်ရင် Free Mode နဲ့ ကုန်းဆင်းမှ အဆင်ပြေတဲ့ App ကြီးလည်း ဖြစ်ပါတယ်။

Amazon

ဈေးဝယ်လို့ရတဲ့ App ကြီးပါ။ အလွယ်ဆုံးပြောရရင် Online Shopping တစ်မျိုးပါပဲ။ ပစ္စည်းတွေကြည့်ရင်း Bill တွေလည်း တဖြုတ်ဖြုတ်ကြွေပေါ့နော်။

Logo မှာပါတဲ့ a နဲ့ z လေးကို မြားနဲ့ချိတ်ထားတာက Amazon မှာ a ကနေ z အထိ ရနိုင်ပါတယ်တဲ့။ ကိုယ်လိုချင်တဲ့ ဘယ်အမျိုးအစားမဆို ရနိုင်တဲ့နေရာလို့ ဆိုလိုပါတယ်။

Instagram

အနုပညာရှင်တွေနဲ့ Celebrities တွေ ပုံလေးတွေပဲတင်ပြီး စိတ်ချမ်းသာချင်သူတွေ အသုံးများတဲ့ App ပါ။ App Size လေးပါတယ်။ Bill ဘယ်လိုကုန်လဲသိချင်ရင် ခဏလောက်ဖွင့်ပြီး ဟိုပွတ်သည်ပွတ်သာ ပွတ်ကြည့်ပေတော့။

LINE

လွန်ခဲ့တဲ့မကြာသေးမီနှစ်တွေက မြန်မာနိုင်ငံမှာ စသုံးခဲ့ပါတယ်။ တော်တော်များများလည်း အသုံးပြုဆဲဖြစ်ပါတယ်။ Bill လည်းအဖြတ်ကြမ်းသလို File Size လည်း အများကြီးပါတဲ့။

ကိုယ့်ဖုန်းက Low Storage တွေဖြစ် ဖုန်းသုံးရင်လည်း Bill တွေအရမ်းကုန် သုံးနေရင်းနဲ့လည်း ခဏခဏဟန်းနေပြီဆိုရင်တော့ ဘယ် App တွေ ကိုယ့်ဖုန်းထဲမှာ အများဆုံးရှိနေလဲ စစ်ကြည့်လိုက်ပါဦး။