မကြာသေးခင်က ထွက်လာတဲ့ App Annie ရဲ့အစီရင်ခံချက်အရ ၂၀၂၀ ရဲ့ ပထမသုံးလပတ် Q1 ကာလမှာ လူတွေဟာ Apps တွေပေါ်မှာ သိသိသာသာ ပိုအချိန်ဖြုန်းလာခဲ့ပြီး ပိုက်ဆံလည်းပိုသုံးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ COVID-19 စတင်ပြန့်နှံ့မှုနဲ့လည်း တိုက်ဆိုင်နေပြီး အိမ်တွင်းအောင်းသူတွေအတွက် ဖုန်းဟာ မရှိမဖြစ်ကိရိယာတစ်ခု ဖြစ်လာခဲ့ပုံပါပဲ။

Android ပလက်ဖောင်းပေါ်က Apps နဲ့ဂိမ်းတွေအပေါ်မှာ အချိန်ဖြုန်းမှုပမာဏဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ မနှစ်ကနဲ့ယှဉ်ရင် ၂၀% ထိ တိုးမြင့်လာခဲ့တာကြောင့် သိသာတဲ့တိုးတက်မှုကြီးဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းသုံးစွဲသူတွေဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို ငါးနာရီကျ ဖုန်းသုံးတယ်လို့ ဆိုပါတယ်။ သိသာစွာထိခိုက်ခံစားနေရတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ အီတလီတို့မှာလည်း Gaming မဟုတ်တဲ့ Apps တွေကိုအသုံးပြုချိန် တဟုန်တိုးမြင့်တက်ခဲ့ပါတယ်။

ဇန္နဝါရီလမှ မတ်လအတွင်းမှာ စုစုပေါင်း Apps Download ပြုလုပ်မှုအကြိမ်ရေ ၃၁.၅ ဘီလီယံထိ ရှိခဲ့ပြီး Google Play မှ ၂၂.၅ ဘီလီယံနဲ့ Apple App Store မှ ၉ ဘီလီယံဖြစ်ပါတယ်။ အဲဒီ App တွေအပေါ်မှာ ငွေသုံးခဲ့တာက အမေရိကန် ဒေါ်လာ ၂၃.၄ ဘီလီယံဖြစ်ပြီး iOS ကတော့ ဝင်ငွေ ဒေါ်လာ ၁၅ သန်းနဲ့ဦးဆောင်နေဆဲဖြစ်ကာ Android က ဒေါ်လာ ၈.၃ ဘီလီယံ ရရှိခဲ့ပါတယ်။

ဒီ Download ပြုလုပ်မှုတွေမှာ Game မဟုတ်တဲ့ အခြား App တွေကို ဆွဲယူခဲ့တာကပိုများနေပေမယ့် တကယ်တမ်း ငွေသုံးတာကျတော့ မိုဘိုင်းဂိမ်းတွေထဲကနေ သုံးတာအများဆုံးဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန်သုံးစွဲသူတွေဟာ iOS အတွက် ပိုက်ဆံအပေးဆုံး ကာစတန်မာတွေဖြစ်ပြီး Google Play ကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့မှ အများဆုံးဝင်ငွေရရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ ဘရာဇီးတို့ဟာ Google Play ကနေ App Download အပြုလုပ်ဆုံးနိုင်ငံတွေဖြစ်ပြီး App Store အတွက်တော့ တရုတ်နဲ့ အမေရိကန်တို့ဖြစ်ပါတယ်။

၂၀၂၀ Q1 ကာလအတွင်း Download အလုပ်ခံရဆုံး App တွေကတော့ TikTok, WhatsApp နဲ့ Facebook ပါ။ စတုတ္ထနဲ့ ပဉ္စမနေရာမှာတော့ Instagram နဲ့ Facebook Messenger တို့က လိုက်နေပါတယ်။ လစဉ်သုံးစွဲသူအများဆုံးက Facebook, WhatsApp နဲ့ Messenger ဖြစ်ပါတယ်။

Ref – GSM Arena