Google က I/O Conference မှာ Google Photos မှာ Gemini AI ထည့်သွင်းပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Google Photos အတွက် စမ်းသပ်ဆဲ Feature ၁ ခု ဖြစ်တဲ့ Ask Photos ကို လာမယ့်လတွေအတွင်း ထည့်သွင်းပေးမှာ ဖြစ်ပြီး သင့် Gallery ထဲက အမှတ်တရနဲ့ သတင်းအချက်အလက်တွေကို လွယ်ကူစွာ ရှာဖွေနိုင်မှာပါ။

Ask Photos ကို Gemini က မောင်းနှင်ထားတာ ဖြစ်ပြီး ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Scroll လုပ်ပြီး ရှာစရာမလိုတော့ပါဘူး။ Ask Photos ကို သင်ရှာချင်တဲ့ အရာတွေကို ရှာခိုင်းနိုင်ပါတယ်။

ဒါ့အပြင် Ask Photos ကို သင့်ဘဝအကြောင်းမေးမြန်းနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့နှစ်က သင်ခရီးသွားတဲ့ နေရာကို မေးမြန်းနိုင်ပါတယ်။ ဒါဆိုရင် သူက ပြီးခဲ့တဲ့နှစ်က သင်ခရီးသွားတဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ပြသပေးမှာပါ။

Ask Photos က ခရီးစဉ် Highlight ကိုလည်း ဖန်တီးပေးနိုင်ပြီး သက်ဆိုင်တဲ့ ဓါတ်ပုံတွေကို စုစည်းပြသပေးနိုင်ပါတယ်။ လူမှုကွန်ရက်မှာ မျှဝေဖို့ Caption ကိုတောင် ရေးပေးနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက သင်က အဖြေ ၁ ခုကို ပြင်ဆင်ပေး သို့မဟုတ် အပိုသတင်းအချက်အလက်တွေ ထည့်သွင်းပေးရင် Ask Photos  က အနာဂတ်အတွက် မှတ်သားထားနိုင်ပါတယ်။

Ref : gsmarena