[Unicode]

Google ရဲ့ မိခင် ကုမ္ပဏီ အဖြစ် Alphabet ကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Google ရဲ့ ပူးတွဲတည်ထောင်သူ တဖြစ်လဲ စီအီးအို Larry Page က Alphabet ရဲ့ စီအီးအို ရာထူးကို ရယူခဲ့ပြီး ထုတ်ကုန်ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ Sundar Pichai ကို Google ရဲ့ စီအီးအို အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အခုတော့ Larry Page က Alphabet နဲ့ Google ကုမ္ပဏီ ၂ ခုစလုံးရဲ့ စီအီးအို အဖြစ် Sundar Pichai ကို တာဝန်လွှဲပြောင်းပေးလိုက်ပါတယ်။

Google ရဲ့ ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့က ဒီသတင်းကို Google ရဲ့ Blog မှာ အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ “ Alphabet ကို အခုဆိုရင် ကောင်းစွာ တည်ထောင်ပြီးပါပြီ။ Google နဲ့ တခြား ကုမ္ပဏီခွဲတွေဟာလည်း ကောင်းစွာ လည်ပတ်နေနိုင်ပါတယ်။ Alphabet နဲ့ Google တို့မှာ စီအီးအို ၂ ယောက်နဲ့ ဥက္ကဌ ၁ ယောက် မလိုအပ်ပါဘူး။ Google နဲ့ Alphabet တို့ကို Sundar Pichai ကပဲ ဦးဆောင်မှာ ဖြစ်ပါတယ်။ “ လို့ Blog မှာ ရေးသားထားပါတယ်။

Page နဲ့ Brin တို့က Alphabet ရဲ့ ဘုတ် အဖွဲ့ဝင်နဲ့ ရှယ်ယာရှင် အဖြစ် ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ အနာဂတ်မှာ ဘယ်လို တာဝန်တွေ ယူကြဦးမလဲတော့ မသိသေးပါဘူး။ ဒါပေမယ့် နည်းပညာ လောကအတွက် သူတို့ ဖန်တီးပေးထားတာတွေက အရမ်းကို ထူးခြားပြောင်မြောက်လှပါတယ်။

Pichai က “ ဒီအပြောင်းအလဲဟာ Alphabet ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ Google ကို ကျွန်တော် ဆက်လက် အာရုံစိုက် လုပ်ကိုင်သွားမှာ ဖြစ်ပြီး ကွန်ပြူတာနယ်ပယ်မှာ နည်းပညာအသစ်တွေကို ချပြမှာပါ။ “ လို့ ပြောပါတယ်။ ရာထူး အပြောင်းအလဲဟာ ဘယ်အချိန်မှာ စတင် အကျုံးဝင်မလဲ ဆိုတာ မသိရသေးပါဘူး။

Ref : androidpolice

[Zawgyi]

Alphabet ရဲ႕ စီအီးအို ရာထူးကို ရသြားတဲ့ Sundar Pichai

Google ရဲ႕ မိခင္ ကုမၸဏီ အျဖစ္ Alphabet ကို ၂၀၁၅ ခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ Google ရဲ႕ ပူးတြဲတည္ေထာင္သူ တျဖစ္လဲ စီအီးအို Larry Page က Alphabet ရဲ႕ စီအီးအို ရာထူးကို ရယူခဲ့ၿပီး ထုတ္ကုန္ဌာနမွ အႀကီးတန္း ဒုတိယ ဥကၠဌ Sundar Pichai ကို Google ရဲ႕ စီအီးအို အျဖစ္ တာဝန္ေပးခဲ့ပါတယ္။ အခုေတာ့ Larry Page က Alphabet နဲ႔ Google ကုမၸဏီ ၂ ခုစလုံးရဲ႕ စီအီးအို အျဖစ္ Sundar Pichai ကို တာဝန္လႊဲေျပာင္းေပးလိုက္ပါတယ္။

Google ရဲ႕ ပူးတြဲတည္ေထာင္သူေတြျဖစ္တဲ့ Larry Page နဲ႔ Sergey Brin တို႔က ဒီသတင္းကို Google ရဲ႕ Blog မွာ အဂၤါေန႔က ထုတ္ျပန္ေၾကညာလိုက္တာ ျဖစ္ပါတယ္။ “ Alphabet ကို အခုဆိုရင္ ေကာင္းစြာ တည္ေထာင္ၿပီးပါၿပီ။ Google နဲ႔ တျခား ကုမၸဏီခြဲေတြဟာလည္း ေကာင္းစြာ လည္ပတ္ေနႏုိင္ပါတယ္။ Alphabet နဲ႔ Google တို႔မွာ စီအီးအို ၂ ေယာက္နဲ႔ ဥကၠဌ ၁ ေယာက္ မလိုအပ္ပါဘူး။ Google နဲ႔ Alphabet တို႔ကို Sundar Pichai ကပဲ ဦးေဆာင္မွာ ျဖစ္ပါတယ္။ “ လို႔ Blog မွာ ေရးသားထားပါတယ္။

Page နဲ႔ Brin တို႔က Alphabet ရဲ႕ ဘုတ္ အဖြဲ႕၀င္နဲ႔ ရွယ္ယာရွင္ အျဖစ္ ဆက္လက္ရွိေနဦးမွာ ျဖစ္ပါတယ္။ သူတို႔ ၂ ေယာက္ဟာ အနာဂတ္မွာ ဘယ္လို တာ၀န္ေတြ ယူၾကဦးမလဲေတာ့ မသိေသးပါဘူး။ ဒါေပမယ့္ နည္းပညာ ေလာကအတြက္ သူတို႔ ဖန္တီးေပးထားတာေတြက အရမ္းကို ထူးျခားေျပာင္ေျမာက္လွပါတယ္။

Pichai က “ ဒီအေျပာင္းအလဲဟာ Alphabet ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပံုကို ေျပာင္းလဲေစမွာ မဟုတ္ပါဘူး။ Google ကို ကြ်န္ေတာ္ ဆက္လက္ အာရံုစိုက္ လုပ္ကိုင္သြားမွာ ျဖစ္ၿပီး ကြန္ျပဴတာနယ္ပယ္မွာ နည္းပညာအသစ္ေတြကို ခ်ျပမွာပါ။ “ လို႔ ေျပာပါတယ္။ ရာထူး အေျပာင္းအလဲဟာ ဘယ္အခ်ိန္မွာ စတင္ အက်ံဳး၀င္မလဲ ဆိုတာ မသိရေသးပါဘူး။

Ref : androidpolice