Google ရဲ့ Android OS ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံးသော Operating System တစ်ခုဖြစ်နေတာပါ။ ဒါပေမယ့် Google က Android OS ကို တစ်မျိုးတည်း ထုတ်လုပ်ထားတာတင်မဟုတ်ပဲ Pure Android Experience ရရှိနိုင်တဲ့ Android One စမတ်ဖုန်းတွေနဲ့ ဈေးသက်သာတဲ့ဖုန်းတွေအတွက် အဓိကရည်ရွယ်ထားတဲ့ Android Go ဆိုပြီး ထုတ်လုပ်ထားသေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ ဘတ်ဂျတ်စမတ်ဖုန်းတွေအတွက်ရည်ရွယ်ထားတဲ့ Android Go စမတ်ဖုန်းတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကမှ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Android Go OS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေက နည်းပါးနေသေးပြီးတော့ အခုနောက်ဆုံးအနေနဲ့ Asus ကနေ Android Go OS သုံး Asus Zenfone Live L1 စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခု Asus Zenfone Live L1 စမတ်ဖုန်းဟာ 5.5″ HD+ Display ပါဝင်မှာဖြစ်ပြီးတော့ 18:9 Ratio Display ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ Camera အနေနဲ့လည်း 13MP Back Camera နဲ့အတူ 5MP Front Camera ပါဝင်လာမှာဖြစ်ပါတယ်။ Fingerprint Scanner တော့ပါဝင်ခြင်းမရှိပေမယ့် Face Unlock စနစ်ပါဝင်လာမယ်လို့ သိရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 425 Processor ကို အသုံးပြုထားပြီးတော့ RAM 1GB ဒါမှမဟုတ် 2GB ပါဝင်ပြီးတော့ Storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် RAM 1GB Version မှာပဲ Android Go Edition ကို အသုံးပြုထားမှာဖြစ်ပြီးတော့ RAM 2GB Version မှာတော့ Android 8.1 Oreo ကိုပဲ အသုံးပြုထားမှာပါ။

Battery အနေနဲ့တော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Dual SIM အပြင် MicroSD Card Slot ပါ ပါဝင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အလွန်ဈေးသက်သာတဲ့ ၁၂၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။