[Unicode]

Asus က ROG Phone II အပြင် Ultimate Edition ကိုပါ မိတ်ဆက်ထားပါတယ်။ အခုနောက်ပိုင်းမှာ ROG Phone II ကို Elite Edition လို့ နာမည်ပြောင်းခဲ့ပါတယ်။ အဲဒီ မော်ဒယ် ၂ ခုဟာ သိပ်တော့ ကွဲပြားတာ မရှိဘဲ Ultimate Edition မှာ အရောင် ဒီဇိုင်း အသစ်ကို သုံးထားပြီး Storage က ပိုများလာပါတယ်။ LTE Download Speed က ပိုလန်းလာပါတယ်။ အခုတော့ Ultimate Edition ကို အမေရိကန်မှာ ရောင်းပေးလိုက်ပါပြီ။

Ultimate Edition ကို Matte Black အရောင် ထုတ်လုပ်ထားပြီး မူလမော်ဒယ်လိုပဲ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 1TB Storage ပါလာပြီး မူလမော်ဒယ်မှာ 512GB ပဲပါတာပါ။ အမြင့်ဆုံး Download Speed က Cat 20 LTE ကို သုံးရင် 2Gbps ဖြစ်ပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေက တူညီကြပါတယ်။

ROG Phone II Ultimate Edition မှာ ၆.၅၉ လက်မ 1080×2340 120Hz AMOLED Touchscreen ပါပြီး Snapdragon 855+ မောင်းနှင်ထားပါတယ်။ 48 MP (Wide) + 13 MP (Ultra-Wide) Dual Rear Camera System ကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ 24 MP Selfie Snapper , 6,000mAh Battery နဲ့ Android 9 Pie တွေ ထည့်ထားပါတယ်။

30W Fast Charging ပါတဲ့ 6,000mAh Battery က အလန်းစားကြီးဖြစ်ပြီး ဂိမ်းတွေ အကြာကြီး ကစားနိုင်မှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Ultimate Edition ကို အမေရိကန်မှာ ဒေါ်လာ ၁,၁၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၆ သိန်းခွဲလောက်ရှိပါတယ်။

Ref : androidpolice , androidauthority

[Zawgyi]

1TB Storage ပါတဲ့ Asus ROG Phone II Ultimate Edition ကို အေမရိကန္မွာ ေရာင္းၿပီ

Asus က ROG Phone II အျပင္ Ultimate Edition ကိုပါ မိတ္ဆက္ထားပါတယ္။ အခုေနာက္ပိုင္းမွာ ROG Phone II ကို Elite Edition လို႔ နာမည္ေျပာင္းခဲ့ပါတယ္။ အဲဒီ ေမာ္ဒယ္ ၂ ခုဟာ သိပ္ေတာ့ ကြဲျပားတာ မရွိဘဲ Ultimate Edition မွာ အေရာင္ ဒီဇိုင္း အသစ္ကို သံုးထားၿပီး Storage က ပိုမ်ားလာပါတယ္။ LTE Download Speed က ပိုလန္းလာပါတယ္။ အခုေတာ့ Ultimate Edition ကို အေမရိကန္မွာ ေရာင္းေပးလိုက္ပါၿပီ။

Ultimate Edition ကို Matte Black အေရာင္ ထုတ္လုပ္ထားၿပီး မူလေမာ္ဒယ္လိုပဲ ေတာက္ေျပာင္တဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ 1TB Storage ပါလာၿပီး မူလေမာ္ဒယ္မွာ 512GB ပဲပါတာပါ။ အျမင့္ဆံုး Download Speed က Cat 20 LTE ကို သံုးရင္ 2Gbps ျဖစ္ပါတယ္။ က်န္တဲ့ အစိတ္အပိုင္းေတြက တူညီၾကပါတယ္။

ROG Phone II Ultimate Edition မွာ ၆.၅၉ လက္မ 1080×2340 120Hz AMOLED Touchscreen ပါၿပီး Snapdragon 855+ ေမာင္းနွင္ထားပါတယ္။ 48 MP (Wide) + 13 MP (Ultra-Wide) Dual Rear Camera System ကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ 24 MP Selfie Snapper , 6,000mAh Battery နဲ႔ Android 9 Pie ေတြ ထည့္ထားပါတယ္။

30W Fast Charging ပါတဲ့ 6,000mAh Battery က အလန္းစားႀကီးျဖစ္ၿပီး ဂိမ္းေတြ အၾကာႀကီး ကစားႏုိင္မွာပါ။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Ultimate Edition ကို အေမရိကန္မွာ ေဒၚလာ ၁,၁၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၆ သိန္းခြဲေလာက္ရွိပါတယ္။

Ref : androidpolice , androidauthority