ASUS ဟာ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ROG Phone 6 Series ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အဆိုပါ ROG Phone 6 Series ဖုန်းတွေရဲ့ Design နဲ့ Specification အချို့ ပေါက်ကြားလာခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ ASUS ကိုယ်တိုင်ကနေ ROG Phone 6 Series မှာ ပါဝင်လာမယ့် Feature တစ်ခုကို တရားဝင် Teaser အနေနဲ့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ROG Phone 6 Series ဟာ IPX4 Splash Resistant Rating ပါဝင်လာမှာပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Flagship ဖုန်းတွေဟာ Dust & Waterproof Rating ဖြစ်တဲ့ IP67 Rating ပါဝင်ပေမယ့် Gaming Phone တွေအနေနဲ့ကတော့ အခုလိုမျိုး Protection Rating ပါဝင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဒါကြောင့် ASUS ROG Phone 6 Series ဖုန်းတွေဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ Splash Resistant Rating ပါဝင်တဲ့ Gaming Phone ဖြစ်လာမှာပါ။

ASUS ROG Phone 6 ဟာ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး အမြင့်ဆုံး RAM 18GB နဲ့ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့လည်း 6.78″ Full HD+ 165Hz AMOLED Display ပါဝင်မှာဖြစ်ပြီး Triple Back Camera Setup နဲ့ Dual Punch-hole Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 65W Fast Charging ကို Support ပေးနိုင်တဲ့ 6000mAh Battery ကို ထည့်သွင်းထားမှာပါ။

Ref – Gizmo China