ASUS ဟာ အခုအချိန်မှာ Gaming Phone စျေးကွက်ကို ROG Phone Series တွေနဲ့အောင်မြင်မှုရယူနိုင်နေပြီဖြစ်ပါတယ်။ ASUS ဟာ နောက်ဆုံးအနေနဲ့ ROG Phone 5 ကို မိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ASUS ကနေ ROG Phone 5 မတိုင်ခင်မိတ်ဆက်ထားခဲ့တဲ့ ROG Phone 3 အတွက် Android 11 Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါက တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင် အားနည်းနေပေမယ့် Gaming Phone တစ်လုံးအနေနဲ့ကတေ့ာ မြန်ဆန်တယ်လို့ ပြောနိုင်မှာပါ။

လောလောဆယ်မှာ ASUS ကနေ ROG Phone 3 အတွက် Android 11 Update ကို Taiwan နိုင်ငံအတွက် ထုတ်ပေးထားပြီးဖြစ်သလို မကြာခင်မှာ Global Market အတွက်လည်း Update ရရှိလာမယ်လို့ သိရပါတယ်။ မကြာခင် Google Pixel Series ဖုန်းတွေဟာ Android 12 Stable Update ရရှိတော့မယ့်အချိန်မှာ အခုမှ Android 11 Stable Update ကို ထုတ်ပေးတာဖြစ်တဲ့အတွက် ASUS အနေနဲ့ အခု Update ကို အမြန်အဆန်ရရှိအောင်ဆောင်ရွက်သွားမယ်လို့ ယူဆရပါတယ်။

ROG Phone 3 အတွက် Android 11 Update ဟာ File Size အနေနဲ့ 2.7GB File Size ရှိမှာဖြစ်ပြီး ZenUI Design အသစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Quick Settings ၊ Battery Power Optimization ၊ Editing Option အသစ်တွေအပြင် Notification ပိုင်းမှာလည်း ပြောင်းလဲမှုတွေပြုလုပ်ထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS အနေနဲ့ နောက်ပိုင်း ROG Gaming Phone တွေအတွက် Software Update ပိုင်းမှာ အခုထက်ပိုပြီးအာရုံစိုက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – Gizmo China