Asus ကနေ လက်ရှိ ရေပန်းအစားဆုံးဖြစ်နေတဲ့ 18:9 Ratio Screen အပြည့်ဖုန်းတွေထဲကို Asus Pegasus 4S စမတ်ဖုန်းနဲ့ဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခု Asus ဖုန်းဟာဆိုရင် Specification ပိုင်းအရအမြင့်ကြီးမဟုတ်ပဲ Mid Range Level ဖုန်းတစ်ခုဖြစ်လာတာဖြစ်ပါတယ်။

Asus Pegasus 4S ဖုန်းဟာဆိုရင် အခြား Vivo V7+ ဖုန်းလိုမျိုးနဲ့ မတူညီပဲ Full Metal Chassis ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 5.7″ 18:9 Ratio HD+ Resolution Screen ကို အသုံးပြုထားပြီး ဘေးဘောင်တွေကို အလွန်သေးငယ်အောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

အခြား Specifications တွေအနေနဲ့ကတော့ Processor ကို MediaTek MT6750T CPU အသုံးပြုထားပြီး RAM 3GB + ROM 32GB ဒါမှမဟုတ် RAM 4GB + ROM 64GB နဲ့ ထုတ်လုပ်သွားမယ်လို့သိရပါတယ်။

Asus Pegasus 4S စမတ်ဖုန်းဟာ အခုလက်ရှိဖုန်းတွေအများစုမှာ ပါဝင်နေသလိုပဲ Dual Camera ကို တပ်ဆင်ထားမှာဖြစ်ပြီးတော့ 16MP + 8MP Camera တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ 8MP တပ်ဆင်ထားတယ်လို့ သိရပါတယ်။

အခု Asus Pegasus 4S စမတ်ဖုန်းမှာ ကြီးမားတဲ့ 4030mAh Battery ပါဝင်လာမှာဖြစ်ပြီးတော့ Android Version 7.0 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ အတိအကျကြေငြာထားခြင်းမရှိသေးပါဘူး။