[Zawgyi]

Smart Phone ေတြမွာ Notch ေတြထည့္ၿပီး Bezel ေတြ ပိုေသးေအာင္ ႀကိဳးပမ္းေနရာကေန Notch ယဥ္ေက်းမႈက Laptop ေတြကိုပါ ကူးစက္ေနၿပီလို႔ ဆိုရမွာပါ။ ASUS က သူ႔ရဲ႕ Laptop သစ္မွာ Notch ထည့္ၿပီး Bezel ပိုေသးေအာင္ လုပ္သြားခဲ့ပါတယ္။ ထည့္ထားတဲ့ Notch က မ်က္ႏွာျပင္မွာေတာ့ မဟုတ္ပါဘူး။ ေျပာင္းျပန္တပ္ဆင္လိုက္တာပါ။

ASUS Zenbook S13 ဟာ Notch ကိုေျပာင္းျပန္ထည့္လိုက္တဲ့အတြက္ Screen-to-body ratio က 97% ျဖစ္သြားတယ္လို႔ သိရပါတယ္။ Laptop ေတြမွာလည္း Bezel ေတြ ပိုၿပီး ပါးလာေအာင္လို႔၊ ဒါမွမဟုတ္ Bezel ေတြမပါဖို႔ ႀကိဳးစားေနၾကတဲ့အခ်ိန္မွာ အခုလို Reverse Notch နဲ႔ Laptop ကလည္း တစ္မ်ိဳးတစ္ဖုံ ထူးျခားေနပါတယ္။

အခုလိုမ်ိဳး Notch ထည့္လိုက္တဲ့အတြက္ မ်က္ႏွာျပင္ကေတာ့ အေတာ္ေလးကို က်ယ္ျပန႔္သြားပါတယ္။ Notch ထဲမွာ Webcam ေရာက္သြားသလို ေအာက္ေျခကိုလည္း တတ္ႏိုင္သမွ် Bezel မေပၚေအာင္ ျပဳလုပ္ထားတာ ေတြ႕ရပါတယ္။ Bezel ေတြဟာ 2.5mm ပဲရွိတာေၾကာင့္ လက္ရွိအခ်ိန္မွာ ASUS ကေျပာသလို ကမာၻ႔ Bezel အပါးဆုံး Laptop လို႔ ဆိုရမွာပါပဲ။

ASUS Zenbook S13 ဟာ 13.9-inch Full HD Display နဲ႔ျဖစ္ေပမယ့္ အ႐ြယ္အစားကေတာ့ သမား႐ိုးက် 13-inch Laptop ေတြထက္ ေသးငယ္ေနသေယာင္ရွိပါတယ္။ Processor ကို Intel 8th Gen Core i5, i7 ႏွစ္မ်ိဳးသုံးၿပီး အမ်ိဳးအစား ခြဲထားပါတယ္။ RAM 16GB နဲ႔ 1TB PCIe SSD Storage ျဖစ္ပါတယ္။ Nvidia MX150 Graphic Card လည္း အသုံးျပဳထားပါတယ္။

USB-C port ႏွစ္ေပါက္ ပါဝင္ၿပီး USB-A port ကေတာ့ တစ္ေပါက္ ပါဝင္ပါတယ္။ MicroSD Card Reader လည္းပါဝင္ပါတယ္။ 50Wh Fast Charging Battery ကေတာ့ ၁၅ နာရီၾကာ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ ASUS အေနနဲ႔ ဒီ Laptop ကို ၂၀၁၉ ပထမ သုံးလပတ္အတြင္းမွာ ေရာင္းခ်သြားမွွာျဖစ္ေပမယ့္ အခုထိေတာ့ ေဈးႏႈန္းကို ထုတ္ျပန္ေၾကညာျခင္း မရွိေသးတာပဲ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Notch ကို ပြောင်းပြန်တပ်ထားတဲ့ ASUS ရဲ့ Zenbook S13

Smart Phone တွေမှာ Notch တွေထည့်ပြီး Bezel တွေ ပိုသေးအောင် ကြိုးပမ်းနေရာကနေ Notch ယဉ်ကျေးမှုက Laptop တွေကိုပါ ကူးစက်နေပြီလို့ ဆိုရမှာပါ။ ASUS က သူ့ရဲ့ Laptop သစ်မှာ Notch ထည့်ပြီး Bezel ပိုသေးအောင် လုပ်သွားခဲ့ပါတယ်။ ထည့်ထားတဲ့ Notch က မျက်နှာပြင်မှာတော့ မဟုတ်ပါဘူး။ ပြောင်းပြန်တပ်ဆင်လိုက်တာပါ။

ASUS Zenbook S13 ဟာ Notch ကိုပြောင်းပြန်ထည့်လိုက်တဲ့အတွက် Screen-to-body ratio က 97% ဖြစ်သွားတယ်လို့ သိရပါတယ်။ Laptop တွေမှာလည်း Bezel တွေ ပိုပြီး ပါးလာအောင်လို့၊ ဒါမှမဟုတ် Bezel တွေမပါဖို့ ကြိုးစားနေကြတဲ့အချိန်မှာ အခုလို Reverse Notch နဲ့ Laptop ကလည်း တစ်မျိုးတစ်ဖုံ ထူးခြားနေပါတယ်။

အခုလိုမျိုး Notch ထည့်လိုက်တဲ့အတွက် မျက်နှာပြင်ကတော့ အတော်လေးကို ကျယ်ပြန့်သွားပါတယ်။ Notch ထဲမှာ Webcam ရောက်သွားသလို အောက်ခြေကိုလည်း တတ်နိုင်သမျှ Bezel မပေါ်အောင် ပြုလုပ်ထားတာ တွေ့ရပါတယ်။ Bezel တွေဟာ 2.5mm ပဲရှိတာကြောင့် လက်ရှိအချိန်မှာ ASUS ကပြောသလို ကမ္ဘာ့ Bezel အပါးဆုံး Laptop လို့ ဆိုရမှာပါပဲ။

ASUS Zenbook S13 ဟာ 13.9-inch Full HD Display နဲ့ဖြစ်ပေမယ့် အရွယ်အစားကတော့ သမားရိုးကျ 13-inch Laptop တွေထက် သေးငယ်နေသယောင်ရှိပါတယ်။ Processor ကို Intel 8th Gen Core i5, i7 နှစ်မျိုးသုံးပြီး အမျိုးအစား ခွဲထားပါတယ်။ RAM 16GB နဲ့ 1TB PCIe SSD Storage ဖြစ်ပါတယ်။ Nvidia MX150 Graphic Card လည်း အသုံးပြုထားပါတယ်။

USB-C port နှစ်ပေါက် ပါဝင်ပြီး USB-A port ကတော့ တစ်ပေါက် ပါဝင်ပါတယ်။ MicroSD Card Reader လည်းပါဝင်ပါတယ်။ 50Wh Fast Charging Battery ကတော့ ၁၅ နာရီကြာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ASUS အနေနဲ့ ဒီ Laptop ကို ၂၀၁၉ ပထမ သုံးလပတ်အတွင်းမှာ ရောင်းချသွားမှှာဖြစ်ပေမယ့် အခုထိတော့ ဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: The Verge