Asus က စွမ်းရည်မြင့် Gaming ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Asus ROG Phone 6 နဲ့ 6 Pro တို့ ဖြစ်ပြီး စွမ်းရည်မြင့် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကွဲပြားချက်က RAM ပမာဏ ဖြစ်ပြီး Pro မှာ 18GB RAM အထိ ရွေးချယ်နိုင်ကာ အနောက်ဘက်မှာ Color AMOLED မျက်နှာပြင် ပါလာပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ ၆.၇၈ လက်မ AMOLED 1080x2448p မျက်နှာပြင်နဲ့ 165Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Touch Sampling Rate က 720Hz ဖြစ်ပြီး အမြင့်ဆုံး Brightness က Auto Mode မှာ 1200 nits အထိ ရှိပါတယ်။ မျက်နှာပြင်ကို 60Hz, 90Hz, 120Hz နဲ့ 144Hz စသဖြင့် စိတ်ကြိုက် သတ်မှတ်နိုင်ပြီး Gorilla Glass Victus နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး ROG Phone 6 အတွက် 12/16GB LPDDR5 RAM နဲ့ 6 Pro အတွက် 18GB RAM တွေ ထုတ်လုပ်ပေးထားပါတယ်။ 256GB or 512GB UFS 3.1 Storage တွေ ရွေးချယ်နိုင်ပါတယ်။

Asus က အပူချိန်လျှော့ချပေးတဲ့ စနစ်ကို ဆန်းသစ်ထားပြီး CPU အပူချိန်ကို ၁၀ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ ညာဘက်ခြမ်းမှာ AirTrigger Ultrasonic Button တပ်ဆင်ထားပြီး အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာတွေ ပါပါတယ်။ မိုက်ကရိုဖုန်း ၃ လုံး၊ Dirac Virtuo Spatial Audio နဲ့  နားကြပ်ပေါက်တွေ ထည့်သွင်းထားပြီး IPX4 ရေစိုခံ စံနှုန်း ပါပါတယ်။

Asus ROG Phone 6 and ROG Phone 6 Pro debut with SD 8+ Gen 1 and up to 18GB RAM

အနောက်ဘက်မှာ 50MP Sony IMX766 Main , 13MP Ultrawide , 5MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 12MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာပြီး အောက်ခြေနဲ့ ဘေးဘက်မှာ USB-C Port တွေ ထည့်ထားပါတယ်။ 65W Wired Charging ထောက်ပံ့ထားပြီး Android 12 အခြေပြု ROG UI နဲ့ Zen UI ပါပါတယ်။

Asus က AeroActive Cooler , ROG Kunai Gamepad , ROG Cetra True Wireless နဲ့ Cetra True Wireless Pro နားကြပ် အသစ်တွေကို ထုတ်လုပ်ပေးထားပါတယ်။

ROG Phone 6 12/256GB ကို ဥရောပမှာ ၉၉၉ ယူရိုနဲ့ ROG Phone 6 Pro 18/512GB ကို ၁,၂၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁၉ သိန်းနဲ့ ၂၄ သိန်းကျော် ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena