ASUS ဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ROG Phone 6 Series တွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း ASUS ကနေ ပထမဆုံးအနေနဲ့ MediaTek Dimensity Processor တွေကို အသုံးပြုထားမယ့် ROG Phone 6D Series အသစ်တွေကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

လက်ရှိနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ASUS ဟာ နောက်ထပ် Gaming Phone တစ်လုံးကိုပါ မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ ဒါကတော့ ASUS ROG Phone 6 ကိုပဲ Batman Edition အနေနဲ့ ထုတ်သွားမှာပါ။

ဒါကြောင့် ဖုန်းရဲ့ Design နဲ့ Specification တွေကတော့ ယခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ ROG Phone 6 အတိုင်းပဲတူညီမှာဖြစ်ပြီး Batman Theme တွေနဲ့ Skin တွေပါဝင်မှာဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ Software ပိုင်းပြောင်းလဲမှုတွေနဲ့အတူ Packaging ဘူးဒီဇိုင်းတွေပါ Batman Design ဖြစ်လာမယ်လို့ ယူဆပါတယ်။

ROG Phone 6 Batman Edition ဖုန်းဟာ နောက်ကျောဘက်မှာ Batman ဆိုပြီး ရေးသားထားမှာဖြစ်ပြီး RGB Logo တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Specification အနေနဲ့ကတော့ Qualcomm Snapdragon 8+ Gen1 Chipset ၊ 12GB RAM နဲ့ 256GB Storage တွေပါဝင်မှာပါ။ Display ပိုင်းမှာတော့ 6.78″ FullHD+ 165Hz AMOLED Display ၊ 50MP Triple Camera Setup တွေပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China