ASUS ဟာ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ROG Phone 6 Gaming Phone ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ROG Phone Series တွေဟာ ပုံမှန်အားဖြင့် Gaming Phone စျေးကွက်မှာ အောင်မြင်မှုရရှိနေတဲ့ဖုန်းတွေဖြစ်တာကြောင့် အခုထွက်ရှိလာမယ့် ROG Phone 6 ဟာလည်း Performance ပိုင်းမှာ အကောင်းဆုံး Gaming Phone တစ်လုံးဖြစ်လာနိုင်ပါတယ်။

အခုလည်း ROG Phone 6 ဖုန်းကို တရုတ်နိုင်ငံတွင်း TENAA Certification Website မှာ Specification အပြည့်အစုံနှင့်အတူ Design ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ ASUS ဟာ ယခင် ROG Phone 5 ဖုန်းတွေနဲ့ ဆင်တူတဲ့ ဒီဇိုင်းကိုပဲ အခြေခံထားမှာဖြစ်ပါတယ်။

TENAA မှာ ဖော်ပြခဲ့တဲ့ဓါတ်ပုံတွေအရ ROG Phone 6 ဟာ Design ပိုင်းမှာ Triple Camera Setup ကို အသုံးပြုထားပြီး ဖုန်းနောက်ကျောဘက်မှာ Secondary Display ကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Display ကလည်း Dual Punch-hole Camera ပါဝင်လာမှာဖြစ်ပြီး Fingerprint Sensor ကိုလည်း Under -Display အနေနဲ့ ထည့်သွင်းပေးထားမှာပါ။

ASUS ဟာ ယခင်တုန်းက တရုတ်နိုင်ငံတွင်းမိတ်ဆက်ထားတဲ့ ROG Phone တွေဟာ Tencent Games နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့သလိုပဲ အခု ROG Phone 6 ဟာလည်း Tencent Edition အနေနဲ့ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ ROG Phone 6 ဟာ 6.78″ 165Hz Full HD+ AMOLED Display နဲ့ Snapdragon 8+ Gen 1 Chipset ၊ RAM 18GB နဲ့ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 6000mAh Battery ကို 65W Fast Charging နဲ့ အားသွင်းပေးနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China