Asus ROG Phone 6 ကို ကြေညာဖို့ နာရီပိုင်းပဲလိုတော့တဲ့အချိန်မှာ Leakster Evan Blass က အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အဲဒီ ဖုန်းရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်နေပြီး ၆.၇၈ လက်မ AMOLED မျက်နှာပြင်နဲ့ 165Hz Refresh Rate တွေပါလာမှာပါ။ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာ ဖြစ်ပြီး အခုထွက်လာတဲ့ ဓါတ်ပုံတွေမှာ ဖုန်း ဒီဇိုင်းကို အသေးစိတ်လေ့လာလို့ရလာပါတယ်။

ASUS-ROG-Phone-6-color

ဖုန်း အရှေ့ဘက်ဟာ အရင်မျိုးဆက်တွေနဲ့ တူညီတာတွေ့ရပြီး အရွယ်ကြီး မျက်နှာပြင်နဲ့ အရှေ့ဘက်မျက်နှာမူထားတဲ့ စတီရီယို စပီကာတွေ ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး၊ ROG Branding နဲ့ RGB LED တွေကို တွေ့ရပြီး အနက်နဲ့ အဖြူ ၂ ရောင်ကို မြင်ရပါတယ်။

ASUS-ROG-Phone-6-black-color

ROG Phone 6 မှာ ၆.၇၈ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 165Hz Refresh Rate ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာကို သုံးထားမှာပါ။ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 18GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။ ဆော့ဖ်ဝဲ အကြောင်းပြောရရင် Android 12 အခြေပြု ROG UI မောင်းနှင်ထားမှာ ဖြစ်ပြီး 65W Fast Charging ပါတဲ့ 6,000mAh ဘက်ထရီ ပါလာမှာပါ။

အနောက်ဘက်က ကင်မရာ ၃ လုံးထဲမှာ 64MP Main , Ultrawide နဲ့ Macro တွေ ပါလာမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 12MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။

Ref : gizmochina