Asus က ROG Phone 6D နဲ့ 6D Ultimate ကို ကြေညာလိုက်ပြီး ထူးခြားဆန်းသစ်တဲ့ Cooling စနစ် ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ MediaTek Dimensity 9000+ Chipset မောင်းနှင်ထားပါတယ်။ ကွဲပြားချက် ၁ ခုက Memory ဖြစ်ပြီး Ultimate မှာ 16/512GB အထိနဲ့ ရိုးရိုး မော်ဒယ်မှာ 16/256GB အထိ ထည့်သွင်းထားပါတယ်။

Asus ROG Phone 6D and 6D Ultimate deliver Dimensity 9000+, improved cooling

ဖုန်း ၂ လုံးစလုံးမှာ ၆.၇၈ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 10-bit Color Depth , 165Hz Refresh Rate နဲ့ HDR10+ တွေ ထည့်သွင်းထားပါတယ်။ ကင်မရာတွေက မပြောင်းလဲဘဲ 50MP Main , 13MP Ultrawide နဲ့ 5MP Macro ၃ လုံးကို အနောက်ဘက်နဲ့ 12MP ကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Asus ROG Phone 6D and 6D Ultimate deliver Dimensity 9000+, improved cooling

ဘက်ထရီက တူညီပြီး 65W Fast Charging ပါတဲ့ 6,000mAh ကို သုံးထားပါတယ်။ ဒီဇိုင်းအပိုင်းမှာ အများကြီး မပြောင်းလဲဘဲ 6D Ultimate ရဲ့ အနောက်ဘက်မှာ ROG Vision Color PMOLED မျက်နှာပြင်နဲ့ ရိုးရိုးမှာ RGB LED-illuminated ROG Logo ပါလာပါတယ်။

AeroActive attachment, ROG Phone 6D Ultimate, ROG Phone 6D

ထူးခြားတာက ROG Phone 6D Ultimate ရဲ့ အနောက်ဘက်က AeroActive Portal ဖြစ်ပါတယ်။ AeroActive Portal ဟာ အတွင်းပိုင်းက Cooling အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားပြီး မော်တာ Hinge တပ်ဆင်ထားပါတယ်။ AeroActive Cooler 6 နဲ့ ချိတ်ဆက်ထားရင် အဲဒါဟာ အလိုလို ပွင့်ဟလာပါတယ်။ အဲဒီအတွက် အပူစွန့်ထုတ်မှု ပိုထိရောက်တဲ့အတွက် စွမ်းဆောင်ရည် ပိုကောင်းစေပါတယ်။

Asus က ဖုန်း ၂ လုံးစလုံးအတွက် Space Gray ၁ ရောင်ထဲ ထုတ်လုပ်ထားပါတယ်။ ရိုးရိုး 6D ဟာ ဗြိတိန်မှာ ၇၉၉ စတာလင်ပေါင် (၉၁၃ ဒေါ်လာ) ကစပြီး Ultimate က ၁,၁၉၉ (၁၃၇၀ ဒေါ်လာ) က စပါတယ်။

Ref : gsmarena