ASUS ဟာ လာမယ့်စက်တင်ဘာလ ၁၉ ရက်နေ့မှာ ROG Phone 6D Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ASUS ROG Phone 6D Series မှာ ROG Phone 6D အပြင် ROG Phone 6D Ultimate ဆိုပြီး ပါဝင်လာမှာပါ။

ပုံမှန်အားဖြင့် ROG Phone Series တွေဟာ Qualcomm Snapdragon Chipset တွေကိုပဲ အသုံးပြုထားမှာဖြစ်ပြီး အခု ROG Phone 6D တွေကတော့ MediaTek Dimensity 9000+ Chipset တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် ROG Phone တွေထဲမှာ ပထမဆုံးအနေနဲ့ MediaTek Processor တွေကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ ROG Phone 6D Ultimate ဟာ ROG Phone တွေထဲမှာ Cooling ပိုင်းအကောင်းဆုံးဖြစ်လာမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို ROG Global Twitter Account ကနေတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ASUS ROG Phone တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးသော Gaming Phone တွေအဖြစ်လူသိများပြီးတော့ အခု ROG Phone 6D ကလည်း စွမ်းဆောင်ရည်ပိုင်းမှာ တခြားသော Gaming Phone တွေထက် ပိုသာလွန်နိုင်ပါတယ်။ ASUS ကိုယ်တိုင်က ယခင်တုန်းကလည်း Snapdragon 8+ Gen1 Chipset ကို အသုံးပြုထားတဲ့ ROG Phone 6 Series ကို မိတ်ဆက်ထားတာကြောင့် ယခု ROG Phone 6D Series နဲ့ ယှဥ်ရင် ဘယ်ဖုန်းက ပိုစွမ်းဆောင်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena