[Zawgyi]

တရုတ္မွာ Asus ROG Phone II ကို လူႀကိဳက္မ်ားေနပါတယ္။ တရုတ္ရဲ႕ နာမည္ႀကီး အြန္လိုင္းစတိုး တစ္ခု ျဖစ္တဲ့ JD.com မွာ အဲဒီ ဖုန္းကို ၀ယ္ယူဖို႔ စာရင္းေပးသြင္းထားသူ ၂.၅ သန္းေက်ာ္သြားပါၿပီ။ ဒါဟာ Pre-order ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ စာရင္းေပးသြင္းထားမွသာ Flash Sale မွာ ၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။

အခုေတာ့ Asus ROG Phone II ရဲ႕ ပထမဆံုး Flash Sale ကို စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။ ၇၃ စကၠန္႔အတြင္းမွာ အလံုးေရ ၁၀,၀၀၀ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ မရလိုက္တဲ့ လူေတြကို Asus က ေတာင္းပန္စကားဆိုလိုက္ၿပီး ၾသဂုတ္လ ၄ ရက္၊ ၇ ရက္နဲ႔ ၁၂ ရက္ေတြမွာ ေနာက္ထပ္ ေရာင္းခ်ေပးမယ္လို႔ ေျပာပါတယ္။ ROG Phone II မွာ အရမ္းလန္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ သူဟာ ဂိမ္း အသားေပး ဖုန္း ျဖစ္ေပမယ့္ တရုတ္မွာ ေစ်း ခ်ိဳပါတယ္။

Tencent Special Version ကို ယြမ္ ၃,၄၉၉ သတ္မွတ္ထားပါတယ္။  ျမန္မာေငြ ၇၆၀,၀၀၀ ေလာက္ ရွိပါတယ္။ သူ႔မွာ 8GB RAM နဲ႔ 128GB Storage ပါပါတယ္။ ရိုးရိုး Version မွာ 12GB RAM နဲ႔ 512GB Storage ေတြ ပါၿပီး ယြမ္ ၅,၉၉၉ က်သင့္ပါတယ္။ ျမန္မာေငြ ၁,၃၁၀,၀၀၀ ေလာက္က်သင့္မွာပါ။

ROG Phone II မွာ ၆.၅၉ လက္မ 1080×2340 120Hz AMOLED Touchscreen ပါပါတယ္။ Snapdragon 855+ ေမာင္းနွင္ထားပါတယ္။ 48 MP (Wide) + 13 MP (Ultra-Wide) Dual Rear Camera System ကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ 24 MP Selfie Snapper ပါပါတယ္။ 6,000mAh Battery , Android 9 Pie ေတြ ထည့္ထားပါတယ္။

Ref : gsmarena

[Unicode]

၇၃ စက္ကန့်မှာ အလုံးရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့တဲ့ Asus ROG Phone II

တရုတ်မှာ Asus ROG Phone II ဟာ လူကြိုက်များနေပါတယ်။ တရုတ်ရဲ့ နာမည်ကြီး အွန်လိုင်းစတိုး တစ်ခု ဖြစ်တဲ့ JD.com မှာ အဲဒီ ဖုန်းကို ဝယ်ယူဖို့ စာရင်းပေးသွင်းထားသူ ၂.၅ သန်းကျော်သွားပါပြီ။ ဒါဟာ Pre-orders တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာရင်းပေးသွင်းထားမှသာ Flash Sale မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ Asus ROG Phone II ရဲ့ ပထမဆုံး Flash Sale ကို စတင် ရောင်းချပေးလိုက်ပါပြီ။ ၇၃ စက္ကန့်အတွင်းမှာ အလုံးရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ မရလိုက်တဲ့ လူတွေကို Asus က တောင်းပန်စကားဆိုလိုက်ပြီး သြဂုတ်လ ၄ ရက်၊ ၇ ရက်နဲ့ ၁၂ ရက်တွေမှာ နောက်ထပ် ရောင်းချပေးမယ်လို့ ပြောပါတယ်။ ROG Phone II မှာ အရမ်းလန်းတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ သူဟာ ဂိမ်း အသားပေး ဖုန်း ဖြစ်ပေမယ့် တရုတ်မှာ ဈေး ချိုပါတယ်။ ပေးရတဲ့ ဈေးထက် တန်တဲ့ ဖုန်းပါ။

Tencent Special Version ကို ယွမ် ၃,၄၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၆၀,၀၀၀ လောက် ရှိပါတယ်။ သူ့မှာ 8GB RAM နဲ့ 128GB Storage ပါပါတယ်။ ရိုးရိုး Version မှာ 12GB RAM နဲ့ 512GB Storage တွေ ပါပြီး ယွမ် ၅,၉၉၉ ကျသင့်ပါတယ်။ ၁,၃၁၀,၀၀၀ လောက်ကျသင့်မှာပါ။

ROG Phone II မှာ ၆.၅၉ လက်မ 1080×2340 120Hz AMOLED Touchscreen ပါပါတယ်။ Snapdragon 855+ မောင်းနှင်ထားပါတယ်။ 48 MP (Wide) + 13 MP (Ultra-Wide) Dual Rear Camera System ကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ 24 MP Selfie Snapper ပါပါတယ်။ 6,000mAh Battery , Android 9 Pie တွေ ထည့်ထားပါတယ်။

Ref : gsmarena