Zawgyi

Asus ဟာ သူတုိ႔ရဲ႕ဖုန္းအသစ္ ZenFone 6 ကို မိတ္ဆက္ခါနီးမွာ အနီးကပ္ၿပိဳင္ဘက္အမွတ္တံဆိပ္ျဖစ္တဲ့ OnePlus ကို ပုိစတာအသစ္မွာ အခုလိုအထာေလးနဲ႔ ရန္စလိုက္ပါတယ္။ ZenFone 6 ဖုန္းမွာ 5,000 mAh ဘကၳရီပါမွာျဖစ္ၿပီး OnePlus 7 မွာပါတဲ့ 3,700 mAh ထက္ ပိုမ်ားတာကို ဦးတည္ေရးဆြဲထားတဲ့ ပုိစတာမွာ (5000 > 1+7 (OnePlus 7) + 3700) ဆုိၿပီးထည့္ထားတာပါ။

တကယ္ဆုိ ပိုျမင့္တဲ့ဗားရွင္း OnePlus 7 Pro ကို ပစ္မွတ္မထားတာက စိတ္ဝင္စားစရာျဖစ္ၿပီး Pro ဗားရွင္းမွာလည္း 4,000 mAh သာပါတာမုိ႔ အခုပုိစတာအတုိင္း အသုံးျပဳလို႔ရေနဦးမွာပါ။ အေၾကာင္းရင္းက ေစ်းႏႈန္းေၾကာင့္ျဖစ္ႏုိင္ၿပီး OnePlus 7 Pro ဖုန္းဟာ အေျခခံေစ်းႏႈန္း ယူရုိ ၇၀၀ (ျမန္မာေငြ ၁၂ သိန္း) သတ္မွတ္ထားကာ ပုံမွန္ OnePlus 7 ကိုေတာ့ ယူရုိ ၅၅၀ (ျမန္မာေငြ ကုိးသိန္းခြဲ) မွ စတင္ပါတယ္။ Asus ZenFone 6 ရဲ႕ ေစ်းႏႈန္းကလည္း ယူရုိ ၆၀၀ ေအာက္ ျဖစ္မယ္လို႔ သတင္းထြက္ထားပါတယ္။

Asus ZenFone 6 ရဲ႕ ေနာက္ဆုံးေပၚထြက္လာတဲ့ ဓါတ္ပုံေတြထဲမွာ အဓိကကင္မရာကို ဆယ္ဖီရုိက္ဖို႔ အတြက္ Flip လုပ္ၿပီး အသုံးျပဳရမယ့္ ပုံကို ထူးထူးျခားျခား ေတြ႕ရျပန္ပါတယ္။ ဆယ္ဖီအတြက္ပါ ေနာက္ဘက္ ကင္မရာကိုပဲ အသုံးျပဳဖို႔ ၾကိဳးစားလာတဲ့ပုံစံက Honor 7i နဲ႔ဆင္တူေပမယ့္ သူကေတာ့ ကင္မရာႏွစ္လုံးနဲ႔ ျဖစ္ပါတယ္။

ZenFone 6 ကုိေတာ့ ေမလ ၁၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာေတာ့မွာပါ။

Ref – GSM Arena

Unicode

Asus ဟာ သူတို့ရဲ့ဖုန်းအသစ် ZenFone 6 ကို မိတ်ဆက်ခါနီးမှာ အနီးကပ်ပြိုင်ဘက်အမှတ်တံဆိပ်ဖြစ်တဲ့ OnePlus ကို ပိုစတာအသစ်မှာ အခုလိုအထာလေးနဲ့ ရန်စလိုက်ပါတယ်။ ZenFone 6 ဖုန်းမှာ 5,000 mAh ဘက္ထရီပါမှာဖြစ်ပြီး OnePlus 7 မှာပါတဲ့ 3,700 mAh ထက် ပိုများတာကို ဦးတည်ရေးဆွဲထားတဲ့ ပိုစတာမှာ (5000 > 1+7 (OnePlus 7) + 3700) ဆိုပြီးထည့်ထားတာပါ။

တကယ်ဆို ပိုမြင့်တဲ့ဗားရှင်း OnePlus 7 Pro ကို ပစ်မှတ်မထားတာက စိတ်ဝင်စားစရာဖြစ်ပြီး Pro ဗားရှင်းမှာလည်း 4,000 mAh သာပါတာမို့ အခုပိုစတာအတိုင်း အသုံးပြုလို့ရနေဦးမှာပါ။ အကြောင်းရင်းက ဈေးနှုန်းကြောင့်ဖြစ်နိုင်ပြီး OnePlus 7 Pro ဖုန်းဟာ အခြေခံဈေးနှုန်း ယူရို ၇၀၀ (မြန်မာငွေ ၁၂ သိန်း) သတ်မှတ်ထားကာ ပုံမှန် OnePlus 7 ကိုတော့ ယူရို ၅၅၀ (မြန်မာငွေ ကိုးသိန်းခွဲ) မှ စတင်ပါတယ်။ Asus ZenFone 6 ရဲ့ ဈေးနှုန်းကလည်း ယူရို ၆၀၀ အောက် ဖြစ်မယ်လို့ သတင်းထွက်ထားပါတယ်။

Asus ZenFone 6 ရဲ့ နောက်ဆုံးပေါ်ထွက်လာတဲ့ ဓါတ်ပုံတွေထဲမှာ အဓိကကင်မရာကို ဆယ်ဖီရိုက်ဖို့ အတွက် Flip လုပ်ပြီး အသုံးပြုရမယ့် ပုံကို ထူးထူးခြားခြား တွေ့ရပြန်ပါတယ်။ ဆယ်ဖီအတွက်ပါ နောက်ဘက် ကင်မရာကိုပဲ အသုံးပြုဖို့ ကြိုးစားလာတဲ့ပုံစံက Honor 7i နဲ့ဆင်တူပေမယ့် သူကတော့ ကင်မရာနှစ်လုံးနဲ့ ဖြစ်ပါတယ်။

ZenFone 6 ကိုတော့ မေလ ၁၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မှာပါ။

Ref – GSM Arena