Asus ကနေ ယခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာမှာကျင်းပသွားမယ့် Mobile World Congress (MWC 2018) ကိုတက်ရောက်မှာဖြစ်ပြီးတော့ အခုဆိုရင် Asus ရဲ့ Zenfone Series အသစ်ဖြစ်တဲ့ Zenfone 5 Series ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြေငြာသွားမယ်လို့ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

Asus ဟာ ပြီးခဲ့တဲ့ Zenfone 4 Series တွေကို မနှစ်က စက်တင်ဘာလနောက်ပိုင်းမှ ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် အခု Zenfone 5 Series တွေကို ထုတ်လုပ်တဲ့အချိန်က အရမ်းစောနေသလိုဖြစ်နေပါတယ်။

ဖြစ်နိုင်တာကတော့ Asus Zenfone 4 Series တွေဟာ လက်ရှိမှာ ခေတ်စားနေတဲ့ 18:9 Ratio Display ပါဝင်ခြင်းမရှိတဲ့အတွက် အခုလိုမျိုး Zenfone 5 Series တွေကို ထုတ်လိုက်တာဖြစ်နိုင်ပြီးတော့ ယခင် Zenfone 4 Series လိုမျိုးပဲ အနည်းဆုံးစမတ်ဖုန်း ၅ လုံးကို ပြသသွားမယ်လို့ ယူဆရပါတယ်။

အခြားသော Huawei ၊ HTC နဲ့ Xiaomi တို့က MWC မှာ Flagship စမတ်ဖုန်းတွေပြသမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပေမယ့် Asus ကတော့ မတူတဲ့ပုံပါပဲ။