အခုနောက်ပိုင်းမှာ High End Flagship စမတ်ဖုန်းတွေအပြင် Gaming Phone ဆိုတဲ့ အမျိုးအစားကလည်း တဖြည်းဖြည်းခေတ်စားလာပြီဖြစ်ပါတယ်။ Gaming Phone တွေထဲမှာ စစခြင်းထွက်ရှိလာတဲ့ဖုန်းကတော့ Razer Phone ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Xiaomi ကလည်း Black Shark အမည်ရှိတဲ့ Gaming Phone ကို ထပ်မံထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Razer ကတော့ သူရဲ့ Gaming Phone ကို 120Hz Refresh Rate ရှိတဲ့ Display ကို အလေးပေးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ Xiaomi ကတော့ Black Shark ဖုန်းအတွက် Liquid Cooling ကို ဦးစားပေးခဲ့တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Gaming Phone တွေကို စမတ်ဖုန်းကုမ္ပဏီတွေကနေ ထုတ်လုပ်နေကြတာကလည်း လက်ရှိအချိန်မှာ PC Games တွေဖြစ်တဲ့ PUBG နဲ့ Fortnite လို ဂိမ်းတွေကပါ Mobile Version အနေနဲ့ထွက်လာတာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဂိမ်းတွေက တဖြည်းဖြည်းကောင်းလာတဲ့အတွက် Gaming Phone တွေကလည်း အရေးပါလာပါပြီ။

အခုလိုမျိုး Gaming ဖုန်းတွေဘက်ကို ကူးပြောင်းဖို့ ပြုလုပ်နေတဲ့နောက်ထပ် ကုမ္ပဏီတစ်ခုကတော့ Asus ပဲဖြစ်ပါတယ်။ Asus ဟာ Republic of Gamers ဆိုတဲ့နာမည်နဲ့ Gaming Laptop တွေ၊ Motherboard ၊ Graphic Card တွေ စတဲ့ ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ အောင်မြင်မှုရရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အခုလိုမျိုး Republic of Gamers နာမည်နဲ့ Gaming Phone ထွက်လာမယ်ဆိုရင် လက်ရှိ Asus စမတ်ဖုန်းတွေကို ပြောင်းလဲစေနိုင်မှာပါ။

Source : Asus

Asus ရဲ့ Global CEO ဖြစ်တဲ့ Jerry Shen ကိုယ်တိုင်ကလည်း Asus ဟာ အခုလိုမျိုး Gamer တွေအတွက် ရည်ရွယ်တဲ့ စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့ရှိတယ်လို့ ပြောကြားခဲ့ဖူးတဲ့အတွက်ကြောင့် ဒီနှစ်ရဲ့ စမတ်ဖုန်းဈေးကွက်မှာ Gaming Phone ဆိုတဲ့ နာမည်က ခေတ်စားလာမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။