Asus ကနေ Zenfone Series အသစ်ဖြစ်တဲ့ Zenfone 5 ဖုန်းတွေကိုလာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြေငြာသွားမယ်ဆိုတာကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုလိုမျိုး အချိန်နီးစပ်လာတဲ့အတူ Asus Zenfone 5 ရဲ့ ဒီဇိုင်းပုံကြမ်းကိုလည်း တွေ့မြင်လာရပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Asus Zenfone 5 ဟာဆိုရင် လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာကျင်းပတဲ့ MWC 2018 ပွဲမှာ ပြသသွားမှာဖြစ်ပြီးတော့ အခု Zenfone 5 အပြင် အခြားသော Zenfone 5 Series စမတ်ဖုန်းတွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Zenfone 5 စမတ်ဖုန်းဟာ 5.7″ 18:9 Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Fingerprint Sensor နေရာကို အနောက်မှာထည့်သွင်းထားပြီး ကင်မရာကိုလည်း Dual Camera ပုံစံကို iPhone X လိုမျိုး ဒေါင်လိုက်ပြောင်းလဲထားတာကို တွေ့ရပြန်ပါတယ်။

အခုအသစ်ထုတ်လုပ်သွားမယ့် Zenfone 5 စမတ်ဖုန်းဟာ Micro USB ကိုပဲ အသုံးပြုလာသေးတာဖြစ်တဲ့အတွက် Flagship ဖုန်းတစ်ခုတော့ ဖြစ်ဟန်မတူသေးပါဘူး။ အဲ့ဒီအတွက် အခြားသော Zenfone 5 တွေထွက်လာဦးမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။