Asus ကနေ Zenfone 5 ဖုန်းတွေကိုလာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Mobile World Congress 2018 ပွဲမှာ ပြသသွားမယ်လို့ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Asus Event မှာ ယခင်က Asus Zenfone 4 Series ဖုန်းတွေလိုမျိုး စမတ်ဖုန်းတွေအများအပြားမိတ်ဆက်သွားမှာလားဆိုတာ မသေချာသေးပေမယ့် လောလောဆယ်မှာတော့ Asus Zenfone 5 မဟုတ်တဲ့ Asus Zenfone 5 Lite ရဲ့ ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။

Asus ရဲ့ အခုထွက်ရှိလာတဲ့ပုံရိပ်တွေအရ Zenfone 5 Lite ဟာလည်း လက်ရှိ Asus ကနေ သွားနေသလိုပဲ နောက်ဖက်မှာ Glass Body ကိုအသုံးပြုလာမှာဖြစ်ပြီးတော့ Fingerprint Scanner ကိုလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ တွေ့ရှိခဲ့ရတဲ့အတွက် Display အနေနဲ့ 18:9 Ratio Display အသုံးပြုလာမယ်ဆိုတာကို သက်သေခံနေသလိုပါပဲ။

ကင်မရာပိုင်းအနေနဲ့ကတော့ Asus Zenfone 5 Lite ဟာ Dual Camera ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ LED Flash ကိုလည်း Single LED Flash ကိုပဲ အသုံးပြုလာတာကိုတွေ့ရပါတယ်။ နောက်တစ်ခုအားသာချက်ကတော့ Zenfone 5 Lite ပဲဖြစ်နေပေမယ့်လည်း Charging Port ကို USB Type C အသုံးပြုပေးထားတာဖြစ်ပါတယ်။

ယခု ဓါတ်ပုံအရတော့ ဖုန်းရဲ့ အရှေ့ပိုင်းကို မတွေ့ခဲ့ရပေမယ့် Zenfone 5 Lite ဟာဆိုရင် 5.7″ Full HD+ 18:9 Display ၊ ကင်မရာ အရှေ့ဘက် Selfie Camera ကို 20MP Camera ၂ ခုနဲ့ အနောက်ဖက်မှာလည်း 16MP Camera ၂ ခုပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။