ASUS ဟာ နှစ်စဥ် ROG Gaming Phone တွေအပြင် Zenfone Series ဖုန်းတွေကိုလည်း မိတ်ဆက်နေကျဖြစ်ပါတယ်။ အခုလည်း ASUS ကနေ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Zenfone 9 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။


အခုမိတ်ဆက်လိုက်တဲ့ ASUS Zenfone 9 ဟာဆိုရင် မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Zenfone 8 ထက်တောင် အရွယ်အစားသေးငယ်တယ်ဆိုပေမယ့် ပိုကြီးမားတဲ့ Sensor ပါဝင်တဲ့ Camera Setup ၊ ပိုကြီးမားတဲ့ Battery အပြင် ပိုကြီးမားကျယ်ပြန့်တဲ့ Vapor Chamber Cooling စနစ်တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Zenfone 9 ဟာ အရွယ်အစားအနေနဲ့ 146.6 x 68.2 x 9.5mm ပဲအရွယ်အစားရှိပြီး အလေးချိန်ကလည်း 165g ပဲရှိတဲ့အတွက် လက်ရှိ Flagship ဖုန်းတွေထဲမှာ အရွယ်အစားအသေးဆုံးလို့တောင်ပြောနိုင်ပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 8+ Gen1 Chipset ကို အသုံးပြုထားပြီး ပုံမှန် Heatpipe တွေအစား Vapor Chamber Cooling စနစ်ကို ပြောင်းလဲအသုံးပြုထားပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 8/128GB ၊ 8/256GB နဲ့16/256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 5.9″ Full HD+ 120Hz OLED Display ကို အသုံးပြုထားပြီးတော့ အမြင့်ဆုံး 1,100nits Brightness အထိ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း Primary 50MP IMX766 Sensor ကို အသုံးပြုထားပြီး 6-axis Hybrid Gimbal Stabilizer ကို အသုံးပြုထားပါတယ်။ ASUS ရဲ့ ပြောကြားချက်အရ အဆိုပါ Stabilizer စနစ်ဟာ ပုံမှန် OIS ထက် ၃ ဆ ပိုပြီး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ် Camera အနေနဲ့ကတော့ 113-degree FOV ရှိတဲ့ 12MP IMX363 Ultrawide Sensor ကို ထည့်သွင်းပေးထားပါတယ်။ Front Selfie Camera အနေနဲ့ကတော့ 12MP IMX663 Sensor ကို ထည့်သွင်းထားတာဖြစ်ပြီး Dual PDAF Autofocus စနစ်ပါ ပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 4300mAh Battery ပါဝင်မှာဖြစ်ပြီး 30W HyperCharger စနစ်နဲ့ အားသွင်းမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း In-display အစား ဘေးဘက် Power Button မှာ ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Power Button ကို အသုံးပြုပြီး Screen ကို Swipe ပြုလုပ်နိုင်စေမယ့် Gesture Mode တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Pure Android 12OS ကို အသုံးပြုထားပြီးတော့ OS Update ကို ၂ နှစ်ရရှိမှာဖြစ်ပါတယ်။ IP68 Dust & Water Resistant Rating လည်းပါဝင်ဦးမှာပါ။

ASUS ဟာ ယခု Zenfone 9 ကို €800 မှ စတင်ရောင်းချသွားမှာဖြစ်ပြီး အရင်ဆုံး Europe ၊ Hong Kong နဲ့ Taiwan နိုင်ငံတွေမှာ အရင်ဆုံးရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena