Asus ကနေ 18:9 Ratio Screen နဲ့ Zenfone Max M1 Plus အမျိုးအစားသစ်တစ်မျိုးကိုထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဖုန်းမှာ အခုနောက်ပိုင်းခေတ်စားနေတဲ့ 18:9 Ratio 5.7″ Full HD+ IPS LCD Screen ပါဝင်မှာဖြစ်ပါတယ်။

Processor အနေနဲ့တော့ MediaTek 6750T CPU ကို သုံးစွဲထားပြီး Zenfone Max Plus မှာ RAM 2GB, Internal Storage 16GB နဲ့ RAM 3GB, Internal Storage 32GB ဆိုပြီး ၂ မျိုး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့တော့ Dual Back Camera တပ်ဆင်ထားပြီး 16MP + 8MP Wide Lens တွေပါဝင်မှာဖြစ်ပါတယ်။ Front Selfie Camera ကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

Asus Zenfone Max Plus ဖုန်းမှာ Battery အနေနဲ့ 4130mAh Battery ပါဝင်လာမှာဖြစ်ပြီး ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကိုတော့ ထုတ်ပြန်ပြောကြားထားခြင်းမရှိသေးပါဘူး။