[Zawgyi]
Ref: GAMarena
[Unicode]
အမေရိကန်ရဲ့ မြို့ကြီး ၁၂ မြို့မှာ 5G ကွန်ရက်တွေ ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတဲ့ AT&T ကတော့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်အသက်ဝင်ပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ ပထမဆုံး ကွန်ရက်အတွက် အသုံးပြုမယ့် Device က Netgear-made Nighthawk 5G hotspot လို့ သိရပါတယ်။
အခုလောလောဆယ်တော့ Carrier က အလုပ်သဘောအရ စကားပြောနေပြီး Hotspot ကို အခမဲ့ ဒေတာ သုံးစွဲခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Trial Period ကျော်သွားရင်တော့ ပထမ ဒေတာအစီအစဉ်အနေနဲ့ တစ်လကို 15GB အတွက် ဒေါ်လာ ၇၀ နှုန်း သတ်မှတ်မယ်လို့ သိရပါတယ်။
AT&T ဟာ 5G ကွန်ရက် နှစ်ခုအတွက် အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ တစ်ခုကတော့ Sub-6GHz ဖြစ်ပြီး တစ်ခုကတော့ mmWave ဖြစ်ပါတယ်။ ဒီတစ်ပတ်ထဲမှာ စတင်မယ့်တစ်ခုက mmWave ကွန်ရက် ဖြစ်ပါတယ်။ သူကတော့ လူဦးရေထူထပ်ပြီး အသုံးများတဲ့ နေရာတွေမှာ မြင့်မားတဲ့ Bandwidth ကို သယ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Limited Coverage လို့ ဆိုပါတယ်။
Sub-6GHz ကတော့ ပိုကောင်းတဲ့ Coverage ကို ရတယ်ဆိုပေမယ့် Speed က အနည်းငယ်နှေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် LTE ထက်လည်း မြန်နေဦးမယ်လို့ ဆိုပါတယ်။ ဒီကွန်ရက်ကတော့ လာမယ့်နှစ်မှ ဖြန့်ကျက်နိုင်မယ်လို့ သိရပါတယ်။ AT&T ဟာ 5G ရတဲ့ Samsung Galaxy ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိမယ်လို့ တရားဝင်ကြေညာထားတဲ့ Carrier လည်း ဖြစ်ပါတယ်။
Ref: GAMarena