ဂျပန်ကာတွန်း Anime တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် Titan လို့ခေါ်တဲ့ အကောင်ကြီးတွေနဲ့ တိုက်ခိုက်ရတဲ့ Attack On Titan Anime ကို သိကြမှာပါ။ အခုအချိန်မှာ Season 2 အထိ ထွက်ရှိပြီးတဲ့ အဆိုပါ Anime ဟာ အောင်မြင်တဲ့အတွက် ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးတာတွေရော၊ ကွန်ပျူတာနဲ့ Console ဂိမ်းစက်တွေမှာ ဂိမ်းတွေအဖြစ်ရော အများအပြားထွက်ရှိထားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Attack On Titan ကို မိုဘိုင်းဂိမ်းတစ်ခုအနေနဲ့တော့ အခုအချိန်ထိ ဘယ်သူမှပြုလုပ်ခဲ့ခြင်းမရှိသေးပါဘူး။ အခုအချိန်မှာ တရုတ်နိုင်ငံက နာမည်ကြီး Game Developer ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent ကနေ “Attack on Titan – Dedicate Your Heart” နာမည်နဲ့ ဂိမ်းတစ်ခုကို ပြုလုပ်နေပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

အခုလိုမျိုး ကြေငြာလိုက်ရတာက ဒီအတိုင်းသာမန် ဖုန်းဂိမ်းတစ်ခုအနေနဲ့တင်မဟုတ်ပဲ Attack on Titan Anime ကို ထုတ်လုပ်သူတေါဖြစတဲ့ Kodansha Comics နဲ့ပါ ပူးပေါင်းမှုတွေပြုလုပ်ပြီး ဂိမ်းထဲမှာပါဝင်တဲ့ ဇတ်ကောင်တွေကို Anime ထဲက အသံသရုပ်ဆောင်တွေကိုယ်တိုင် ပါဝင်အားဖြည့်သွားမှာဖြစ်လို့ပါ။

အဲ့ဒီအတွက် အခုဂိမ်းကိုဆော့ကစားမယ့်သူတွေဟာ Anime ထဲက အဓိကဇတ်ကောင်တွေဖြစ်တဲ့ 104th Training Corp ထဲက Eren ၊ Mikasa နဲ့ Armin တို့ နေရာက ဆော့ကစားရတော့မှာဖြစ်ပါတယ်။

Tencent ကတော့ အခုဂိမ်းကို ဘယ်အချိန်မှာ ကြေငြာမယ်ဆိုတာကို မပြောကြားသေးပေမယ့် အာရှနိုင်ငံတွေအတွက်ပဲ ထုတ်လုပ်သွားမှာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။