eVTOL တွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ ထိပ်တန်း AutoFlight ကုမ္ပဏီက ဘေးကင်း စိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေး လျှပ်စစ် လေယာဉ်တွေနဲ့ ခရီးသည်တင် လျှပ်စစ် လေယာဉ်တွေကို ထုတ်လုပ်နေပါတယ်။ ကုမ္ပဏီဟာ ဉာဏ်ရည်တု နည်းပညာ နဲ့ 5G နည်းပညာမှာ ကျွမ်းကျင်ပြီး ဒရုန်းတွေကနေ eVTOL တွေအထိ ထုတ်လုပ်နိုင်ပါတယ်။

DUBAI AIRSHOW 2023: "AutoFlight Unveils AAM Firefighting Program, Debuts Fully Functional Prototype" (Watch Video) - eVTOL Insights

အခုတော့ AutoFlight က အလိုအလျှောက် ပျံသန်းနိုင်တဲ့ မီးသတ် လျှပ်စစ် လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ကို AutoFlight ရဲ့ ကုန်တင် လေယာဉ် ဖြစ်တဲ့ CarryAll ကို အခြေပြုတည်ဆောက်ထားတာ ဖြစ်ပါတယ်။

မီးသတ်လေယာဉ်ဟာ အလေးချိန် ၄၀၀ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။ ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) မောင်းနှင်နိုင်ပြီး ၁ နာရီကို ၂၀၀ ကီလိုမီတာ ( ၁ နာရီကို ၁၂၄ မိုင်) အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ အဲဒီအတွက် ဝေးလံတဲ့ တည်နေရာတွေကို လျှင်မြန်စွာ သွားနိုင်ပါတယ်။

AutoFlight Unveiled Autonomous Firefighting eVTOL With A Takeoff Weight Of Two Metric Tons (!) - SHOUTS

လေယာဉ်ဟာ ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မီးသတ်ဆေးဘူး ၄ ခုကို သယ်ဆောင်နိုင်ပါတယ်။ ၂၀၀ စတုရန်း မီတာကို မီးသတ်ပေးနိုင်ပါတယ်။

AutoFlight ရဲ့ ရောင်းချရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဌာနရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Kellen Xie က “ လက်ရှိ မောင်းသူမဲ့ မီးသတ်လေယာဉ်တွေနဲ့ ယှဉ်ရင် AutoFlight ရဲ့ မီးသတ် လေယာဉ်ဟာ အလေးချိန်များများကို ပိုမို သယ်ဆောင်နိုင်ပြီး ပျံသန်းနိုင်တဲ့ အချိန် ပိုများပါတယ်။ မီးသတ်နိုင်တဲ့ ဧရိယာ ပိုကျယ်ဝန်းကြီး ထိရောက်စွာ မီးသတ်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : inceptivemind