“Gym သွားဖို့ အချိန်မရှိဘူး၊ Gym သွားဖို့ ပိုက်ဆံမရှိဘူး၊ Gym က အဝေးကြီးသွားရမှာ” စတဲ့ အကြောင်းပြချက်တွေနဲ့ အားကစားလုပ်ဖို့ ငြင်းဆန်နေမိကြပါတယ်။

အားကစားလုပ်တာ၊ Gym ဆော့တာတွေက ကျန်းမာရေးကောင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး အသားအရေနဲ့ ခန္ဓာကိုယ် လှပအောင်ကူညီပေးပါတယ်။

ဒါကြောင့် ငွေကုန်ကြေးကျမရှိဘဲ အိမ်မှာတင် အလွယ်တကူ ဆော့နိုင်အောင် ကူညီပေးမယ့် အသုံးဝင်တဲ့ Application တွေကို ဝေမျှချင်ပါတယ်။

Sworkit Lite App

Sworkit Lite App ကတော့ အိမ်မှာနေရင်း အားကစားလုပ်ချင်သူတွေအတွက် အသုံးဝင်ပါတယ်။ သူ့မှာ Yoga၊ Stretching ၊ Cardio စတဲ့ အားကစားနည်းမျိုးစုံပါဝင်ပါတယ်။ ဗီဒီယိုထဲမှာပါတဲ့ Trainer ပြထားသလို လေ့ကျင့်လိုက်ရုံပါဘဲ။ အဲ့ဒီအပြင် Application က အချိန်မှန်မှန် အားကစားလုပ်နေအောင်လည်း အမြဲ သတိပေးနေပါတယ်။

Sworkit Lite App ကို Android ရော iOS မှာပါ ထည့်သွင်းထားလို့ရပါတယ်။

Nike Training Club

Nike Training Club Application ကတော့ အမျိုးသမီးတွေအတွက် ပိုပြီး သင့်တော်ပါတယ်။ အဲ့ဒီ App ထဲမှာ လေ့ကျင့်ခန်း ရာနဲ့ ချီပြီး ရှိနေပါတယ်။ ဒါကြောင့် ကိုယ်စလုပ်နိုင်တဲ့ လေ့ကျင့်ခန်းအလွယ်လေးတွေကနေ စပြီး ခက်တဲ့အထိ တဖြည်းဖြည်းချင်း လုပ်သွားလို့ရပါတယ်။

အဆင့်တစ်ခုစီတိုင်းမှာ လေ့ကျင့်ခန်းတွေ အများကြီးပါဝင်ပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေ စာသားတွေနဲ့ ရှင်းရှင်းလင်းလင်း ပြသထားပါတယ်။

Nike Training Club App ကို Android ရော iOS မှာပါ ထည့်သွင်းထားလို့ရပါတယ်။

7 Minutes Workouts

App ရဲ့ နာမည်အတိုင်းပါဘဲ အရမ်းအလုပ်ရှုပ်ပြီး အားကစားလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။

တစ်နေ့ကို ၇ မိနစ်လောက် အချိန်အသုံးပြုပြီး ကျန်းမာအောင် ပြုလုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။

အဲ့ဒီ App မှာ ဓာတ်ပုံတွေရော ဗီဒီယိုတွေရောပါဝင်ထားတာကြောင့် ညွှန်ကြားချက်အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားရုံပါဘဲ။

7 Minutes Workouts App ကို Android ရော iOS မှာပါ ထည့်သွင်းထားလို့ရပါတယ်။