Goldman Sachs Research ရဲ့ သုတေသနစစ်တမ်းအရ လျှပ်စစ်ကား ဘက်ထရီ ကုန်ကျစားရိတ်ဟာ ၂၀၂၆ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်း နီးပါး လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ တစ် Kilowatt-hour (kWh) ကို ၁၄၉ ဒေါ်လာ ကုန်ကျရာကနေ ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ ၈၀ ပဲ ကုန်ကျတော့မှာ ဖြစ်ပါတယ်။

15 Biggest Manufacturers of EV Charging Stations

ဒီလို ဘက်ထရီ ကုန်ကျစားရိတ် နည်းပါးသွားတဲ့ အဓိက အချက် ၂ ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ဘက်ထရီ အသစ်တွေမှာ စွမ်းအင်သိပ်သည်းဆက ၃၀ ရာခိုင်နှုန်း ပိုမြင့်မားလာပြီး တီထွင်ဖန်တီးမှု အသစ်တွေကြောင့် ထုတ်လုပ်မှု ကုန်ကျစားရိတ်နည်းပါးသွားမှာပါ။

(၂) လစ်သီယမ်နဲ့ ကိုဘော့ လို ဒြပ်ထုတွေဟာ ပိုမို ဈေးသက်သာလာပြီး အဲဒီ ဒြပ်ထုတွေဟာ ဘက်ထရီ ကုန်ကျစားရိတ်ရဲ့ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။

IoT Solutions for the Electric Vehicle Industry | Telenor IoT

Solid-state ဘက်ထရီတွေဟာ စွမ်းရည် ပိုမြင့်မားပေမယ့် ထုတ်လုပ်ဖို့ နှောင့်နှေးနေပါတယ်။ အဲဒီအတွက် လစ်သီယမ် အခြေပြု ဘက်ထရီတွေကပဲ လျှပ်စစ်ကား ဈေးကွက်မှာ ကြီးစိုးနေပါတယ်။ လစ်သီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီတွေဟာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကားဈေးကွက်ရဲ့ ၄၅ ရာခိုင်နှုန်းကို ရယူထားမယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၂၆ ခုနှစ်မှာ အမေရိကန်လို နိုင်ငံတွေမှာ လျှပ်စစ်ကား တစ်စီးရဲ့ တန်ဖိုးဟာ လောင်စာဆီကား တစ်စီးနဲ့ ညီမျှသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation