Beats အမျိုးအစားနဲ့ Wireless Earbuds တွေ၊ Headphone တွေဟာ ယခင်တုန်းက Android Device တွေထက် Apple Device တွေအတွက် ပိုပြီးအဆင်ပြေအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Android Device တွေအတွက်ပါ ကောင်းကောင်းအသုံးပြုနိုင်မယ့် True Wireless Earbuds ဖြစ်တဲ့ Beats Studio Buds ကို မိတ်ဆက်လိုက်ပါပြီ။

Beats Studio Buds ဟာ Design ပိုင်းမှာလည်း ယခင်ထက် ပိုပြီး Compact ဖြစ်လာသလို အရောင်တွေအနေနဲ့လည်း Red ၊ Black နဲ့ White ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ယခင် Beats Powerbeat Pro လိုမျိုး Ear Hook ပါဝင်မှာမဟုတ်တဲ့အတွက် နားထဲမှာတပ်ဆင်ရတာ ပုံမှန် True Wireless Earbuds တွေအတိုင်းပဲဖြစ်နေမှာပါ။

Feature တွေအနေနဲ့ကတော့ Active Noise Cancellation Feature ၊ IPX4 Water & Sweat Resistance တွေပါဝင်မှာဖြစ်ပြီး တစ်ကြိမ်အားသွင်းထားရင် ၅ နာရီဆက်တိုက် နားထောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ANC ကို ပိတ်ထားမယ်ဆိုရင် ၈ နာရီဆက်တိုက်အသုံးပြုနိုင်မှာပါ။

Charging Case အနေနဲ့ကတော့ Lightning အစား USB-C ကနေ အားသွင်းရမှာဖြစ်ပြီး Wireless Charging ကို Support ပြုလုပ်မှာမဟုတ်ပါဘူး။ တခြားသော Beats Earbuds တွေလိုမျိုး AirPods နဲ့ ဆင်တူတဲ့ Setup နဲ့ Control Center Integration တွေ Support ပြုလုပ်သလို Android Device တွေအတွက်လည်း Fast Pair နဲ့ Google Find My Device တွေကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android Device တွေနဲ့လည်း ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Beats Studio Buds ကို $149.99 (မြန်မာငွေ ၂ သိန်း ၄ သောင်းဝန်းကျင်) နဲ့ လာမယ့် ဇွန်လ ၂၄ ရက်နေ့က စတင်ပြီးရောင်းချသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် iOS Device တွေတင်မဟုတ်ဘဲ Android နဲ့ပါ Feature အတူတူအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် Beats Brand ကို ကြိုက်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ Earbuds တစ်ခုဖြစ်နေမှာပါ။

Ref – The Verge