တက်ကြွလှုပ်ရှားသူနဲ့ စူပါမော်ဒယ် ၁ ယောက် ဖြစ်သူ Bella Hadid က သူမရဲ့ပထမဆုံး NFT ဖြစ်တဲ့ CY-B3LLA ကို ကြေညာလိုက်ပါတယ်။ အဲဒီ စီမံကိန်းကို ဖန်တီးနေတာ လအနည်းငယ်ရှိပြီ ဖြစ်ပြီး NFT ပေါင်း ၁၁,၁၁၁ ပါဝင်ပါတယ်။

Bella Hadid Says Anxiety Meant She Struggled to Dress in the Morning

NFT ရောင်းချမယ့် နေ့ အတိအကျကို မသိရသေးပေမယ့် NFT တွေမှာ အထူးအခွင့်အရေး ပေးထားမယ်လို့ ပြောပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက NFT ဝယ်ယူသူတွေဟာ Bella နဲ့အတူ တကယ့် ပြင်ပက နေရာတွေ၊ ပွဲအခမ်းအနားတွေကို လိုက်ပါခွင့်ရမှာ ဖြစ်ပါတယ်။

Bella Hadid dacht dat ze op 'seksrobot' moest lijken die elke avond uitging: 'Voelde enorme druk' | Show | AD.nl

ဒါ့အပြင် NFT ဝယ်ယူသူတွေဟာ ဒစ်ဂျစ်တယ် အတွေ့အကြုံတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ သူတို့ဟာ Bella Hadid ရဲ့ Metaverse စံအိမ်ကြီးကို လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဲဒီ သတင်းအချက်တွေကို ပိုမို မျှဝေမှာ ဖြစ်ပါတယ်။

အဲဒီ NFT တွေမှာ ပါတဲ့ အနုပညာလက်ရာတွေမှာ Bella ရဲ့ ကိုယ်ခန္တာကိုယ်ကို 3D Scan ပြုလုပ်ထားတာတွေနဲ့ ကမ္ဘာ အနှံ့က မတူညီတဲ့ တည်နေရာ ၁၀ ခု ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ NFT တွေကို တရားဝင် ဝက်ဘ်ဆိုက် ဖြစ်တဲ့ https://www.cybella.xyz/ ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : nftnow