ဒီနေ့ခေတ်မှာ ကင်မရာနဲ့ GPS မပါတဲ့ စမတ်ဖုန်းဆိုတာ တော်တော် ရှားပါး ထူးခြားတယ်လို့ ပြောရမှာပါ။ အခုတော့ အဲဒီလို စမတ်ဖုန်း တကယ်ထွက်လာပါပြီ။ Benco က ကိုယ်ရေးကိုယ်တာ ဒေတာတွေ လုံခြုံဖို့အတွက် ကင်မရာနဲ့ GPS မပါတဲ့ V80s စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။

benco V80s

Benco V80s မှာ ၆.၅ လက်မ 1600x720p မျက်နှာပြင် တပ်ဆင်ထားပြီး 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ပတ်လည်က ဘောင်တွေဟာ နည်းနည်းလေး ထူတယ်လို့ ပြောရမှာ ဖြစ်ပြီး အရှေ့ ကင်မရာ မပါပေမယ့် အရွယ်သေး Notch ထည့်သွင်းထားတာက ထူးခြားပါတယ်။

Benco V80s presented: a smartphone for paranoids without a camera and GPS |  gagadget.com

Unisoc SC9863A Chipset မောင်းနှင်ထားပြီး 4GB RAM /64GB Internal Storage ထည့်သွင်းထားသလို microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ Android 11 မောင်းနှင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာကိရိယာ မြှပ်နှံထားပါတယ်။ 2G, 3G နဲ့ 4G ကွန်ရက်တွေကို ထောက်ပံ့ပြီး Dual-band WiFi ကို သုံးစွဲနိုင်ပါတယ်။ Silver နဲ့ Blue ၂ ရောင်ထုတ်လုပ်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

ကင်မရာနဲ့ GPS ဖယ်ရှားထားတဲ့အတွက် ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ဘယ်လို လုံခြုံအောင် ကာကွယ်ပေးထားသလဲဆိုတာ ကုမ္ပဏီက ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။  ဈေးနှုန်းချိုသာမယ်လို့ ထင်ရပြီး ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ကာကွယ်ပေးတဲ့ စမတ်ဖုန်း လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်လာမှာပါ။

Ref : gizmochina