အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Screen Size က ယခင် 5″ နဲ့ 5.5″ ဝန်းကျင်ကနေ အခု 18:9 Ratio Display တွေခေတ်စားလာပြီး Screen size က 6″ ဝန်းကျင်အထိ ဖြစ်လာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလို Screen Size ကြီးတဲ့ဖုန်းတွေကို လက်တဖက်ထဲအသုံးပြုဖို့ ပိုပြီး ခက်ခဲလာတယ်လို့ ပြောလို့ရပါတယ်။ သင့်မှာ အခုပြောပြသွားမယ့် Application ၅ ခု ရှိမယ်ဆိုရင် ဒါကအခက်အခဲတစ်ခုမဟုတ်တော့ပါဘူး။

1. Omni Swipe

Omni Swipe Application ဟာ ဆိုရင် Application တွေကို ဖုန်းရဲ့ အောက်ခြေထောင့်တစ်နေရာကနေ ဆွဲလိုက်တာနဲ့ ဖွင့်ပြီးအသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်တဲ့အတွက် နာမည်ကြီး App တစ်ခုဖြစ်ပါတယ်။ App Size ကလည်း 1MB ဝန်းကျင်ပဲရှိတယ်ဆိုတော့ ဖုန်းကိုလည်း ဝန်မပိစေပါဘူး။

2. Simple Control

Simple Control App ကတော့ Navigation Buttons တွေကို ကိုယ်လိုချင်တဲ့နေရာကို ရွေ့ပြောင်းနိုင်တဲ့ Application တစ်ခုဖြစ်ပြီးတော့ ဘယ်တော့မှာ ဖုန်းရဲ့ Screen အောက်ခြေအထိဆင်းပြီး Home ၊ Back နဲ့ Recent Key တွေကို နှိပ်နေစရာမလိုတော့ပါဘူး။

3. Circle Sidebar

Circle Sidebar App ကတော့ Application Drawer ကို ဖုန်းရဲ့ ဘေးဘက်ကို ရွေ့ပြောင်းပေးတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ Samsung ရဲ့ မှန်အကွေးစမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Edge Feature နဲ့ တူညီပေမယ့် အခု App က ဘယ် Android Phone မဆိုအတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

4. Google Keyboard

Android ဖုန်းတစ်ခုကို အသုံးပြုနေတယ်ဆိုရင်တော့ Google Keyboard က မဖြစ်မနေကို အသုံးပြုထားသင့်တဲ့ Application တစ်ခုဖြစ်ပြီး သင့်ရဲ့ စာရိုက်တဲ့အတွေ့အကြုံကို ပြောင်းလဲသွားစေမှာ အသေအချာပါပဲ။

5. Assistive Touch

Assistive Touch ကတော့ လူတိုင်းနဲ့ အရင်းနှီးဆုံး Application တစ်ခုဖြစ်မှာပါ။ အချို့သော Xiaomi နဲ့ Samsung ဖုန်းတွေမှာ အလားတူ Function ပါဝင်ပေမယ်မယ့် တကယ်လို့ကိုယ့်ဖုန်းမှာ မပါဝင်ဘူးဆိုရင်တော့ အခု App ကလည်း မဖြစ်မနေရှိထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။