ကိုယ့်ဖုန်းမှာ Wallpaper လှလှလေးမထားချင်တဲ့သူမရှိပဲမနေလောက်ပါဘူး။ အဲ့ဒီအတွက် သာမန်ဓါတ်ပုံတွေမဟုတ်ပဲ လှုပ်ရှားနေတဲ့ပုံတွေနဲ့ Live Wallpaper တွေကို အသုံးပြုနိုင်တဲ့ App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Magic Particles

Magic Particles Application ကတော့ ထိလိုက်တာနဲ့ ကိုယ်လက်ချောင်းတွေအတိုင်းလှပတဲ့ အမှုန်လေးတွေရွေ့လျားသွားတာကို မြင်ရမှာဖြစ်ပြီးတော့ ဖုန်းရဲ့ Home Screen ကို အသုံးပြုနေတာက မီးပန်းတွေနဲ့ ကစားနေရသလိုဖြစ်နေမှာပါ။

2. Oajoo Device Info

ဒီ Application ကတော့ ဆန်းပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ့်ဖုန်းရဲ့ Storage Space ၊ RAM ဘယ်လောက်သုံးနေတယ်၊ CPU Speed ၊ Compass နဲ့ အခြားသော အသေးစိတ်အချက်အလက်တွေကို Live Wallpaper အနေနဲ့ ဖော်ပြပေးနေမှာဆိုတော့ RAM ဘယ်လောက် လွတ်သလဲ၊ ဖုန်းက ဘယ်လောက်ပူနေလဲဆိုတာကို Home Screen မှာပဲကြည့်နိုင်မှာပါ။

3. Raindrops Live Wallpaper 8

ဒီ Raindrops Live Wallpaper 8 App ကတော့ ရိုးရှင်းပြီးတော့ သင့်ရဲ့ Wallpaper မှာ အမြဲတမ်းလှပတဲ့ မိုးရေစက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

4. Pixelscapes

ဒီ Application လည်း တမျိုးဆန်းနေပြီး သာမန်အလှရှုခင်းပုံတွေအစား ဟိုးအရင်တုန်းက ဗီဒီယိုဂိမ်းတွေလိုမျိုး 8 Bit format နဲ့ပဲ ဖော်ပြသွားမှာဖြစ်ပါတယ်။ Wallpaper တွေများစွာရွေးချယ်နိုင်တဲ့အတွက် တမျိုးဆန်းကြယ်နေမှာပါ။

5. Minima

ဒီ Application က သင့်ကို Android Version 5.0 Lollipop တုန်းကလို အရောင်တွေနဲ့ ရိုးရှင်းတဲ့အစင်းကြောင်းတွေကိုပဲ အဆက်မပြတ်လှပစွာအချင်းချင်းဖြတ်သွားနေကြမှာဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ကြိုက်ရွေးချယ်နိုင်သလို နှစ်သက်သလိုပြင်ဆင်လို့ရတာကလည်း အားသာချက်တစ်ခုပါ။