ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ ဂိမ်းတွေကို ဆော့ကစားရတာပျင်းလာလို့ အခြား ဂိမ်းကောင်းကောင်းဆော့ကစားချင်တယ်ဆိုရင် ဒီအပတ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ Android ဂိမ်းကောင်းကောင်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဆော့ကြည့်ပြီး ကြိုက်တယ်ဆိုရင် Share သွားပေးဦးနော်။

1. Toppluva

ဒီ ဂိမ်းကတော့ ရေခဲပြင်မှာ စကိတ်စီးရတဲ့ ဂိမ်းဖြစ်ပြီးတော့ တောင်ပေါ်ကနေ အောက်အထိရောက်အောင် စကိတ်စီးသွားရမှာဖြစ်ပါတယ်။ လမ်းမှာရှိတဲ့ အခက်အခဲတွေကို ရှောင်ရှားပြီးတော့ Missions တွေကို ပြုလုပ်ရမှာပါ။

2. Star Tale

ဒီဂီမ်းကတော့ အာကာသနဲ့ မြေဆွဲအားနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့သူတွေ သဘောကျမယ့် ဂိမ်းတစ်ခုဖြစ်ပြီးတော့ ဂြိုလ်တစ်ခုနဲ့ တစ်ခုမတိုက်မိအောင် ရှောင်တိမ်းပြီး ဆော့ကစားရမှာပါ။

3. Hoppenhelm

ဒီဂိမးကတော့ ထူးခြားပြီး ယခင်တုန်းက Game Boy လိုမျိုး ဂိမ်းစက်တွေမှာ ဆော့ကစားနေသလိုမျိုး သူရဲကောင်းတစ်ယောက်အနေနဲ့ ရဲတိုက်ထဲမှာ ရန်သူတွေကို တိုက်ခိုက်ရမှာပါ။

4. Desert Legacy

Desert Legacy ဂိမ်းကလည်း ဆော့ရတာ အဆင်ပြေပြီးတော့ အဆုံးမသတ်နိုင်တဲ့ ကန္တာရကြီးနဲ့ ရှေးဟောင်းမြို့တော်တွေဆီမှာ ဝေးနိုင်သမျှဝေးအောင် ပြေးရမှာပါ။

5. Tank Buddies

Tank Buddies ကတော့ တင့်ကားကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးဂိမ်းတစ်ခုဖြစ်ပြီတော့ Graphic တွေကလည်း လှပတယ်လို့ ပြောလို့ရပါတယ်။