Tropico Blast

အခုတလော အတွေ့ကြဲလာတဲ့ Candy Crush, Farm Saga တို့လို Puzzle အမျိုးအစား ဂိမ်းသစ်လေးပါ။ အခမဲ့ ကစားနိုင်တဲ့ Tropico Blast မှာတော့ သာမာန် Match-3 ပုံစံမဟုတ်ဘဲ တူညီတဲ့ ဘလောက်လေးတွေကို ဖြိုချပေးရမှာ ဖြစ်ပြီး အခန်းအလိုက် လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။ ဒီလိုပုံစံမျိုးက အချိန်ဖြုန်းလို့ကောင်းပြီး Tropico Blast ရဲ့ သပ်ရပ်တဲ့ ဂရပ်ဖစ်ကလည်း ရွှင်မြူးစေမှာပါ။

Rotation Manager

ဒီတစ်ခုကတော့ ဂိမ်းမဟုတ်ပါဘူး။ သူက Android Customization App တစ်ခုဖြစ်ပြီး နာမည်အတိုင်းပဲ App တွေကို Auto-Rotate လုပ်ပေးတဲ့ App တစ်ခုပါ။ ဂိမ်းတွေလိုမျိုး UI အသေမဟုတ်တဲ့ Apps တွေကို အသုံးပြုရင် ကိုယ်နှစ်သက်သလို Rotate အရင်လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ဒီ Rotation Manager မှာက အလွယ်တကူ ပြောင်းလဲထားနိုင်ပြီး YouTube လိုမျိုး App ကို တစ်ခါဝင်တိုင်း Landscape စတိုင်တစ်ခါပြောင်းရတဲ့ အလုပ်မျိုးကို သက်သာစေမှာပါ။ သူလည်း အခမဲ့ပါပဲ။

KartRider Rush+

Mario Kart မိုဘိုင်းပေါ်ရောက်လာပြီးရင်တော့ ဒီလို ကာတွန်းဇာတ်ကောင်လေးတွေနဲ့ Kart Racing ပုံစံတွေ မြင်ရတော့မယ်ဆိုတာ တွေးထားပြီးသားပါ။ KartRider Rush+ ကိုထုတ်လုပ်သူက နယ်နယ်ရရမဟုတ်ဘဲ မိုဘိုင်းပေါ်မှာ နာမည်ရပြီးသား NEXON ဖြစ်ပါတယ်။ ဒီတော့ သူတို့ရဲ့ လက်ရာက သေသပ်လှပပြီး ဆွဲဆောင်မှုရှိမယ်ဆိုတာ ပြောစရာ မလိုပါဘူး။ ကစားစရာ Mode အမျိုးမျိုးပါဝင်သလို Kart Racer တွေကိုလည်း အလှဆင်နိုင်ပါတယ်။ အခမဲ့ဂိမ်းဆိုပေမယ့် ထုံးစံအတိုင်း In-game Purchase တွေတော့ ပါမှာပါ။

Spongebob: Krusty Cook-Off

Spongebob ဟာ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်လွှင့်ခဲ့ပေမယ့် အသက်အရွယ်အမျိုးမျိုး အကြိုက်တွေ့ခဲ့ကြတဲ့ ကာတွန်းဇာတ်ကောင်ပါ။ အခု Spongebob: Krusty Cook-Off ဂိမ်းမှာ Spongebob စီးရီးထဲက ဇာတ်ကောင်တွေနဲ့ အရာဝတ္ထုတွေကို မြင်ရမှာဖြစ်ပြီး မြင်နေကြ Dinner Rush စတိုင်ဂိမ်းလေးတစ်ခုပါပဲ။ Spongebob ချစ်သူတွေနဲ့ ကလေးငယ်တွေအတွက် စိတ်ပျော်မြူးစေမယ့် အခမဲ့ဂိမ်းသစ်လေးတစ်ခုဖြစ်ပါတယ်။ အခမဲ့ဂိမ်းဖြစ်ပေမယ့် အထဲမှာ Ads တွေတော့ ပါမှာပါ။

Ref – AndroidAuthority