သင်ဟာ စမတ်ဖုန်းနဲ့ Video ရိုက်ရတာ ဝါသနာပါတယ်ဆိုရင် ကိုယ်ရွေးချယ်မယ့် စမတ်ဖုန်းက ကင်မရာပိုင်းကောင်းနေဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေက ဓါတ်ပုံရိုက်ကူးမှုမှာ Features တွေအများအပြားထည့်သွင်းလာကြပေမယ့် Video မှာတော့ အားနည်းသေးတာကိုတွေ့ရပါတယ်။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Video ရိုက်ကူးမယ့်သူတွေအတွက် အသင့်တော်ဆုံးစမတ်ဖုန်း ၅ လုံးကို ဖော်ပြလိုက်ပါတယ်။

(1) LG V30

LG ကနောက်ဆုံးထုတ်လုပ်ထားတဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ LG V30 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ဗီဒီယိုရိုက်ကူးဖို့ အကောင်းဆုံး ကင်မရာဆိုရင်လည်းမမှားပါဘူး။ 4K Video, Slow motion Video တွေအပြင် Video ရိုက်ကူးတဲ့အချိန်မှာလည်း Manual Mode နဲ့ အသေးစိတ်ရိုက်ကူးနိုင်တာက အကောင်းဆုံးဖုန်းတစ်လုံးဖြစ်သွားစေတာပါ။

(2) Sony XZ1

Sony XZ1 စမတ်ဖုန်းဟာလည်း 4K Video တွေရိုက်ကူးနိုင်ပေမယ့် OIS လို့ခေါ်တဲ့ Optical Image Stabilization မပါဝင်တဲ့အတွက်ကြောင့် အရမ်းငြိမ်မှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် Sony XZ1 စမတ်ဖုန်းကို ဒုတိယနေရာရသွားစေတဲ့အချက်ကတော့ Sony ရဲ့ 960fps Slow motion Video တွေရိုက်ကူးနိုင်တဲ့ Feature ကြောင့်ပဲဖြစ်ပါတယ်။

(3) Apple iPhone X

Apple iPhone X ဟာ အခုဖုန်းတွေထဲမှာ တစ်ခုထဲသော 4K Video တွေကို 60fps နဲ့ ရိုက်ကူးနိုင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ Slow-Motion Video တွေကိုလည်း Full HD ကို 240fps နဲ့ ရိုက်ကူးနိုင်သလို OIS လည်း ပါဝင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တတိယနေရာကိုရောက်ရှိသွားစေတာကတော့ Manual Control မရတာနဲ့ ဈေးနှုန်းအရမြင့်မားတာကြောင့်ဖြစ်ပါတယ်။

(4) Google Pixel 2/ Pixel 2 XL

Google ရဲ့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေက နံပါတ် ၄ နေရာကို ရယူထားပြီးတော့ ဒါကလည်း 4K Video ရိုက်ကူးနိုင်တာနဲ့ OIS ရော၊ EIS ရော ၂ မျိုးစလုံးပါဝင်တာကြောင့်လို့ ပြောရမှာပါ။

(5) Samsung Galaxy Note 8

Samsung Galaxy Note 8 ကလည်း Features တွေအစုံအလင်ပါဝင်ပြီးတော့ 4K Video, Slow Motion Video နဲ့ OIS စနစ်တွေပါ အပြည့်အစုံပါဝင်တဲ့အတွက် အကောင်းဆုံးဖုန်းတွေထဲမှာ ပါဝင်နေတုန်းပဲဖြစ်ပါတယ်။