[Zawgyi]

အခုေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ ၃သိန္းေအာက္ ဖုန္းေတြထဲမွာ ဘယ္လိုမ်ိဴး ဖုန္းေတြက ဘယ္လိုလူေတြအတြက္ အသင့္ေတာ္ဆုံး ျဖစ္မလဲ ဆိုတာပါ။ ဒီေန႔ေခတ္မွာဆိုရင္ ေ႐ြးခ်ယ္စရာ ဖုန္းေတြက ဟိုအရင္တုန္းကထက္ သိသိသာသာ ပိုမ်ားလာပါတယ္။ ဒီေတာ့ ကိုယ္က ဖုန္းအသစ္ တစ္လုံး ဝယ္ဖို႔ လိုအပ္ေနၿပီ၊ ေငြကိုလည္း ၃သိန္းေလာက္ပဲ သုံးခ်င္တယ္။ ဒါေပမယ့္ ေ႐ြးစရာ ဖုန္းေတြက မ်ားေနေတာ့ ဘယ္ဖုန္းကို ဝယ္လို႔ ဝယ္ရမွန္း မသိဘူးျဖစ္ေနတယ္ဆိုရင္ ဒီေဆာင္းပါးေလးက သင့္အတြက္ အေထာက္အကူ ျဖစ္ေစမွာပါ။

Redmi Note 7 (China)

သူရဲ႕ ေစ်းႏႈန္းက ၂သိန္းခြဲ ကေန ၃သိန္း ဝန္းက်င္ အထိရွိတယ္။ RAM နဲ႔ Storage ေတြေပၚ မူတည္ၿပီး ေစ်းအနည္းငယ္ ကြာျခားသြားမယ္။ Redmi Note 7 က လူႀကီး၊ လူလတ္၊ လူငယ္ အ႐ြယ္ ၃ပါးမေ႐ြး ကိုင္ဖို႔ သင့္ေတာ္တဲ့ ဖုန္းပါ။ ဘာျဖစ္လို႔ အဲ့ဒီလိုေျပာလဲဆိုေတာ့ ဥပမာ လူႀကီးေတြဆိုရင္ ဖုန္းေျပာမယ္၊ Facebook သုံးမယ္။ ဒီေတာ့ သူတို႔အတြက္ အဓိက လိုအပ္ခ်က္ေတြက ဘာေတြျဖစ္သြားလဲဆိုရင္ ဖုန္းေျပာဖို႔အတြက္ Mic, Speaker/Earpiece ေကာင္းရမယ္၊ Facebook သုံးတဲ့အခါ စာေတြကို ရွင္းရွင္းလင္းလင္းျမင္ရဖို႔အတြက္ Display Size ႀကီးရမယ္၊ Display Quality ေကာင္းရမယ္၊ ေနာက္ၿပီး ဘက္ထရီကလည္း ၾကာရွည္ခံရပါမယ္။ Redmi Note 7 မွာ ဒီအခ်က္ေတြနဲ႔ ျပည့္စုံတဲ့ 6.3” Display , 18W အျမန္အားသြင္းစနစ္ Support ေပးတဲ့ 4000mAh ဘက္ထရီေတြ ပါပါတယ္။

လူလတ္ပိုင္းနဲ႔ လူငယ္ေတြဆိုရင္ ဗီဒီယိုေတြၾကည့္မယ္၊ ဂိမ္းကစားမယ္၊ ၿပီးေတာ့ ဓာတ္ပုံ ႐ိုက္ၾကမယ္။ အဲ့အတြက္ ၃သိန္းေအာက္ ဖုန္းေတြမွာ ျမင္ရခဲတဲ့ 1080p Display, Snapdragon 660 SoC နဲ႔ ဒီေန႔ေခတ္ မိုဘိုင္းေလာကထဲမွာ ေရပန္းစားေနတဲ့ 48Megapixels Camera ေတြ ပါပါတယ္။ ေနာက္ၿပီး အပိုဆုအေနနဲ႔ USB Type-C ၊ အၾကမ္းခံဖို႔အတြက္ Gorilla Glass 5 Protection ေတြလည္း ပါဦးမွာပါ။

Huawei Y9 (2019)

၂၀၁၈ခုႏွစ္ ေအာက္တိုဘာတုန္းက ထြက္ရွိခဲ့တာျဖစ္ၿပီး RAM 4GB / Storage 64GB ပါတဲ့ ေမာ္ဒယ္ကို ၂၉၉,၀၀၀ နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ Huawei Brand ေတြထဲကရွာေနတဲ့ သူဆိုရင္ အခုခ်ိန္ထိ ဝယ္ဖို႔ သင့္ေတာ္တဲ့ ဖုန္းတစ္လုံးပါ။ ဘာျဖစ္လို႔ အဲ့ဒီလိုေျပာရလဲဆိုေတာ့ သူ႔မွာသုံးထားတဲ့ Display က ၄သိန္းနီးပါး ေပးရတဲ့ Huawei P30 Lite , ၃သိန္းခြဲေက်ာ္ ေပးရတဲ့ Nova 3i တို႔နဲ႔ သိပ္မကြာတဲ့အျပင္ သုံးထားတဲ့ Processor ကလည္း အတူတူပါပဲ။ ဘက္ထရီ အပိုင္းမွာဆိုရင္ Y9 (2019) ကေတာင္ ပိုေကာင္းပါေသးတယ္။ ဒါ့ေၾကာင့္ 6.5” 1080p Display , Kirin 710 SoC , 10W အျမန္အားသြင္းစနစ္နဲ႔ 4000mAh ဘက္ထရီေတြပါတဲ့ Huawei Y9 (2019) ကို Screen Size ႀကီးႀကီးနဲ႔ ဗီဒီယိုေတြၾကည့္မယ္၊ ဂိမ္းကစားမယ္ဆိုသူေတြအတြက္ ေ႐ြးခ်ယ္ေပးလိုက္ရတာ ျဖစ္ပါတယ္။

Realme 3

၃သိန္းေအာက္ ဆိုတာထက္ ၂သိန္း ဝန္းက်င္ေလာက္ပဲ သုံးမယ္ဆိုရင္ကို ေနာက္ဆုံးေပၚဒီဇိုင္း၊ စြမ္းေဆာင္ရည္ေကာင္းၿပီး ဘက္ထရီခံတဲ့ ဖုန္းတစ္လုံးကို ပိုင္ဆိုင္ႏိုင္မွာပါ။ RAM 3GB/ Storage 32GB ေမာ္ဒယ္ကို ၂၀၉,၀၀၀၊ RAM 4GB/ Storage 64GB ေမာ္ဒယ္ကို ၂၅၉,၀၀၀ နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ Realme 3 ရဲ႕ 6.22” 720p Display ကို သိပ္ၿပီး အားမရေပမယ့္ ၂သိန္းဝန္းက်င္တန္ ဖုန္းတစ္လုံးမွာ Helio P60 SoC , 10W အျမန္အားသြင္းစနစ္နဲ႔ 4230mAh ဘက္ထရီေတြကို ထည့္ေပးထားတာေတာ့ ေတာ္ေတာ္ေလး သေဘာက်မိပါတယ္။ ဒီေတာ့ ဘက္ဂ်က္လည္း ေလွ်ာ့ခ်င္တယ္၊ ဒီဇိုင္းလန္းလန္းနဲ႔ ဘက္ထရီခံတဲ့ ဖုန္းေလးကိုလည္း သုံးခ်င္တယ္ဆိုရင္ Realme 3 က အံကိုက္ပါပဲ။

Samsung Galaxy A20

RAM 3GB / Storage 32GB ပါတဲ့ ေမာ္ဒယ္ကို ၂သိန္းခြဲနဲ႔ ေရာင္းခ်ေနပါတယ္။ ၂သိန္းခြဲတန္ဆိုေပမယ့္ ႐ိုး႐ိုး LCD Display ေတြထက္ ပိုေကာင္းတဲ့၊ ပိုအဆင့္ျမင့္တဲ့ Super AMOLED Display ကို သုံးထားတာပါ။ ဒါေပမယ့္ Resolution ကေတာ့ 720p ပဲ ရွိပါတယ္။ သူ႔မွာပါတဲ့ ေနာက္ထပ္ အားသာခ်က္က တျခား တန္ဖိုးနည္းဖုန္း ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ဖို႔ မျဖစ္ႏိုင္ေသးတဲ့ Ultrawide Sensor ကို တပ္ေပးထားတာပါ။ ျမင္ကြင္းက်ယ္ ဓာတ္ပုံေတြ ႐ိုက္လို႔ရတဲ့ 5MP Ultrawide Sensor ကို 13MP Main Camera နဲ႔ တြဲေပးထားပါတယ္။ ေနာက္ၿပီး 4000mAh ဘက္ထရီႀကီးကို USB Type-C သုံးၿပီး 15W အျမန္အားသြင္းစနစ္နဲ႔ အားသြင္းႏိုင္မယ္ဆိုေတာ့ ပါဝါအပိုင္းအတြက္လည္း စိတ္ပူစရာ မလိုေတာ့ပါဘူး။ ဒါ့ေၾကာင့္ Super AMOLED Display , Ultrawide Sensor နဲ႔ 4000mAh ဘက္ထရီေတြ ပါတဲ့ ၂သိန္းခြဲတန္ Galaxy A20 ကို Performance အပိုင္းဦးစားမေပးတဲ့သူေတြအတြက္ ေ႐ြးခ်ယ္သင့္တဲ့ ဖုန္းအျဖစ္ သတ္မွတ္လိုက္ပါတယ္။

ေဖာ္ျပပါ စမတ္ဖုန္းေတြဟာ လူတိုင္းအတြက္ ေ႐ြးခ်ယ္အသင့္ဆုံးဆိုတာထက္ ဘယ္လိုလူေတြဟာ ဘယ္လိုဖုန္းအမ်ိဴးအစားနဲ႔ သင့္ေတာ္တယ္ဆိုတာကို အသားေပးေဖာ္ျပထားတာ ျဖစ္ပါတယ္။

[Unicode]

ရွေးချယ်သင့်တဲ့ ၃သိန်းအောက် စမတ်ဖုန်းများ

အခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ၃သိန်းအောက် ဖုန်းတွေထဲမှာ ဘယ်လိုမျိူး ဖုန်းတွေက ဘယ်လိုလူတွေအတွက် အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာပါ။ ဒီနေ့ခေတ်မှာဆိုရင် ရွေးချယ်စရာ ဖုန်းတွေက ဟိုအရင်တုန်းကထက် သိသိသာသာ ပိုများလာပါတယ်။ ဒီတော့ ကိုယ်က ဖုန်းအသစ် တစ်လုံး ဝယ်ဖို့ လိုအပ်နေပြီ၊ ငွေကိုလည်း ၃သိန်းလောက်ပဲ သုံးချင်တယ်။ ဒါပေမယ့် ရွေးစရာ ဖုန်းတွေက များနေတော့ ဘယ်ဖုန်းကို ဝယ်လို့ ဝယ်ရမှန်း မသိဘူးဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူ ဖြစ်စေမှာပါ။

Redmi Note 7 (China)

သူရဲ့ စျေးနှုန်းက ၂သိန်းခွဲ ကနေ ၃သိန်း ဝန်းကျင် အထိရှိတယ်။ RAM နဲ့ Storage တွေပေါ် မူတည်ပြီး စျေးအနည်းငယ် ကွာခြားသွားမယ်။ Redmi Note 7 က လူကြီး၊ လူလတ်၊ လူငယ် အရွယ် ၃ပါးမရွေး ကိုင်ဖို့ သင့်တော်တဲ့ ဖုန်းပါ။ ဘာဖြစ်လို့ အဲ့ဒီလိုပြောလဲဆိုတော့ ဥပမာ လူကြီးတွေဆိုရင် ဖုန်းပြောမယ်၊ Facebook သုံးမယ်။ ဒီတော့ သူတို့အတွက် အဓိက လိုအပ်ချက်တွေက ဘာတွေဖြစ်သွားလဲဆိုရင် ဖုန်းပြောဖို့အတွက် Mic, Speaker/Earpiece ကောင်းရမယ်၊ Facebook သုံးတဲ့အခါ စာတွေကို ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် Display Size ကြီးရမယ်၊ Display Quality ကောင်းရမယ်၊ နောက်ပြီး ဘက်ထရီကလည်း ကြာရှည်ခံရပါမယ်။ Redmi Note 7 မှာ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ 6.3” Display , 18W အမြန်အားသွင်းစနစ် Support ပေးတဲ့ 4000mAh ဘက်ထရီတွေ ပါပါတယ်။

လူလတ်ပိုင်းနဲ့ လူငယ်တွေဆိုရင် ဗီဒီယိုတွေကြည့်မယ်၊ ဂိမ်းကစားမယ်၊ ပြီးတော့ ဓာတ်ပုံ ရိုက်ကြမယ်။ အဲ့အတွက် ၃သိန်းအောက် ဖုန်းတွေမှာ မြင်ရခဲတဲ့ 1080p Display, Snapdragon 660 SoC နဲ့ ဒီနေ့ခေတ် မိုဘိုင်းလောကထဲမှာ ရေပန်းစားနေတဲ့ 48Megapixels Camera တွေ ပါပါတယ်။ နောက်ပြီး အပိုဆုအနေနဲ့ USB Type-C ၊ အကြမ်းခံဖို့အတွက် Gorilla Glass 5 Protection တွေလည်း ပါဦးမှာပါ။

Huawei Y9 (2019)

၂၀၁၈ခုနှစ် အောက်တိုဘာတုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး RAM 4GB / Storage 64GB ပါတဲ့ မော်ဒယ်ကို ၂၉၉,၀၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ Huawei Brand တွေထဲကရှာနေတဲ့ သူဆိုရင် အခုချိန်ထိ ဝယ်ဖို့ သင့်တော်တဲ့ ဖုန်းတစ်လုံးပါ။ ဘာဖြစ်လို့ အဲ့ဒီလိုပြောရလဲဆိုတော့ သူ့မှာသုံးထားတဲ့ Display က ၄သိန်းနီးပါး ပေးရတဲ့ Huawei P30 Lite , ၃သိန်းခွဲကျော် ပေးရတဲ့ Nova 3i တို့နဲ့ သိပ်မကွာတဲ့အပြင် သုံးထားတဲ့ Processor ကလည်း အတူတူပါပဲ။ ဘက်ထရီ အပိုင်းမှာဆိုရင် Y9 (2019) ကတောင် ပိုကောင်းပါသေးတယ်။ ဒါ့ကြောင့် 6.5” 1080p Display , Kirin 710 SoC , 10W အမြန်အားသွင်းစနစ်နဲ့ 4000mAh ဘက်ထရီတွေပါတဲ့ Huawei Y9 (2019) ကို Screen Size ကြီးကြီးနဲ့ ဗီဒီယိုတွေကြည့်မယ်၊ ဂိမ်းကစားမယ်ဆိုသူတွေအတွက် ရွေးချယ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

Realme 3

၃သိန်းအောက် ဆိုတာထက် ၂သိန်း ဝန်းကျင်လောက်ပဲ သုံးမယ်ဆိုရင်ကို နောက်ဆုံးပေါ်ဒီဇိုင်း၊ စွမ်းဆောင်ရည်ကောင်းပြီး ဘက်ထရီခံတဲ့ ဖုန်းတစ်လုံးကို ပိုင်ဆိုင်နိုင်မှာပါ။ RAM 3GB/ Storage 32GB မော်ဒယ်ကို ၂၀၉,၀၀၀၊ RAM 4GB/ Storage 64GB မော်ဒယ်ကို ၂၅၉,၀၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ Realme 3 ရဲ့ 6.22” 720p Display ကို သိပ်ပြီး အားမရပေမယ့် ၂သိန်းဝန်းကျင်တန် ဖုန်းတစ်လုံးမှာ Helio P60 SoC , 10W အမြန်အားသွင်းစနစ်နဲ့ 4230mAh ဘက်ထရီတွေကို ထည့်ပေးထားတာတော့ တော်တော်လေး သဘောကျမိပါတယ်။ ဒီတော့ ဘက်ဂျက်လည်း လျှော့ချင်တယ်၊ ဒီဇိုင်းလန်းလန်းနဲ့ ဘက်ထရီခံတဲ့ ဖုန်းလေးကိုလည်း သုံးချင်တယ်ဆိုရင် Realme 3 က အံကိုက်ပါပဲ။

Samsung Galaxy A20

RAM 3GB / Storage 32GB ပါတဲ့ မော်ဒယ်ကို ၂သိန်းခွဲနဲ့ ရောင်းချနေပါတယ်။ ၂သိန်းခွဲတန်ဆိုပေမယ့် ရိုးရိုး LCD Display တွေထက် ပိုကောင်းတဲ့၊ ပိုအဆင့်မြင့်တဲ့ Super AMOLED Display ကို သုံးထားတာပါ။ ဒါပေမယ့် Resolution ကတော့ 720p ပဲ ရှိပါတယ်။ သူ့မှာပါတဲ့ နောက်ထပ် အားသာချက်က တခြား တန်ဖိုးနည်းဖုန်း တော်တော်များများမှာ တွေ့ဖို့ မဖြစ်နိုင်သေးတဲ့ Ultrawide Sensor ကို တပ်ပေးထားတာပါ။ မြင်ကွင်းကျယ် ဓာတ်ပုံတွေ ရိုက်လို့ရတဲ့ 5MP Ultrawide Sensor ကို 13MP Main Camera နဲ့ တွဲပေးထားပါတယ်။ နောက်ပြီး 4000mAh ဘက်ထရီကြီးကို USB Type-C သုံးပြီး 15W အမြန်အားသွင်းစနစ်နဲ့ အားသွင်းနိုင်မယ်ဆိုတော့ ပါဝါအပိုင်းအတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် Super AMOLED Display , Ultrawide Sensor နဲ့ 4000mAh ဘက်ထရီတွေ ပါတဲ့ ၂သိန်းခွဲတန် Galaxy A20 ကို Performance အပိုင်းဦးစားမပေးတဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ ဖုန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။

ဖော်ပြပါ စမတ်ဖုန်းတွေဟာ လူတိုင်းအတွက် ရွေးချယ်အသင့်ဆုံးဆိုတာထက် ဘယ်လိုလူတွေဟာ ဘယ်လိုဖုန်းအမျိူးအစားနဲ့ သင့်တော်တယ်ဆိုတာကို အသားပေးဖော်ပြထားတာ ဖြစ်ပါတယ်။