[Zawgyi]

Village Global Company နဲ႔ စကားေျပာပြဲ တစ္ခုမွာ Bill Gates က Apple မဟုတ္တဲ့ ဖုန္း ပလက္ေဖာင္းတစ္ခု ဖန္တီးဖုိ႔ Microsoft ဟာ Google ကို မတိုက္ခိုက္ႏိုင္ခဲ့ဘူးလို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။ သူက “ ေဆာ့ဖ္၀ဲ ေလာကမွာ အႏိုင္ရတဲ့ ပလက္ေဖာင္းက ေစ်းကြက္တစ္ခုလံုးကို အုပ္စိုးသြားၾကပါတယ္။ ကြ်န္ေတာ့္ရဲ႕ အႀကီးမားဆံုး အမွားက Android ကို Microsoft က ပိုင္ဆုိင္ေအာင္ မျပဳလုပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

သူက “ Android ဟာ Apple Phone Platform မဟုတ္တဲ့ ပလက္ေဖာင္းတစ္ခုပါ။  Apple OS မဟုတ္တဲ့ ပလက္ေဖာင္းဟာ ဘယ္ေလာက္တန္မယ္ ထင္ပါသလဲ? ေဒၚလာ ၄၀၀ ဘီလီယမ္ရွိပါတယ္။ Company G ကေန Company M ကို ေရာက္လာမယ့္ ေငြေတြပါ။ “ လို႔ ေျပာပါတယ္။ Company G ဆိုတာ Google နဲ႔ Company M ဆိုတာ Microsoft ကို ရည္ညႊန္းတာပါ။

လူအမ်ားစုက Microsoft ဟာ Apple iPhone ကို အႏိုင္မယူႏိုင္ခဲ့ျခင္းမွာ  Steve Ballmer ရဲ႕ အမွားလို႔ ယူဆထားၾကပါတယ္။  အဲဒီအခ်ိန္တုန္းက Ballmer ဟာ ကီးဘုတ္ေတာင္ မပါဘဲ ဒီေလာက္ ေစ်းႀကီးတဲ့ ဖုန္းကို ဘယ္သူကမွ ကိုင္ခ်င္မွာ မဟုတ္ဘူးလို႔ ေလွာင္ေျပာင္ခဲ့တဲ့ ျဖစ္ရပ္ဟာ လူသိမ်ားခဲ့ပါတယ္။

အဲဒီ အခ်ိန္တုန္းက ပီစီမွ Windows ရဲ႕ အရြယ္ေသး ဗားရွင္း ျဖစ္တဲ့ Windows Mobile ကို Microsoft က ဖန္တီးထားတာပါ။ ၂၀၀၇ ခုႏွစ္မွာ iPhone ကို စတင္ ေရာင္းခ်ခ်ိန္မွာ လူေတြက All-screen OS ကို ပိုႀကိဳက္တယ္ဆိုတာ ထင္ရွားသြားပါတယ္။ Microsoft ဟာ ၂၀၁၀ ခုႏွစ္မွာ Windows Phone 7 နဲ႔ စမတ္ဖုန္း နယ္ပယ္ကို ျပန္လည္ ၀င္ေရာက္ခဲ့ေပမယ့္ Android , iOS မ်ားကို မယွဥ္ႏုိင္ခဲ့ပါဘူး။ Microsoft ဟာ စမတ္ဖုန္း နယ္ပယ္ကို စြန္႔ခြာခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာ စီအီးအို Satya Nadella ေၾကာင့္ Apple , Google တို႔ကို ေက်ာ္တက္ၿပီး ကမာၻ႕ တန္ဖိုးအျမင့္ဆံုး ကုမၸဏီ ျဖစ္လာပါတယ္။

Ref : gsmarena

[Unicode]

Bill Gates က Microsoft ဟာ စမတ်ဖုန်းဈေးကွက်မှာ မအောင်မြင်လို့ ဒေါ်လာ ၄၀၀ ဘီလီယမ်လောက် ဆုံးရှုံးသွားတယ်လို့ ပြော

Village Global Company နဲ့ စကားပြောပွဲ တစ်ခုမှာ Bill Gates က Apple မဟုတ်တဲ့ ဖုန်း ပလက်ဖောင်းတစ်ခု ဖန်တီးဖို့ Microsoft ဟာ Google ကို မတိုက်ခိုက်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သူက “ ဆော့ဖ်ဝဲ လောကမှာ အနိုင်ရတဲ့ ပလက်ဖောင်းက ဈေးကွက်တစ်ခုလုံးကို အုပ်စိုးသွားကြပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံး အမှားက Android ကို Microsoft က ပိုင်ဆိုင်အောင် မပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူက “ Android ဟာ Apple Phone Platform မဟုတ်တဲ့ ပလက်ဖောင်းတစ်ခုပါ။ Apple OS မဟုတ်တဲ့ ပလက်ဖောင်းဟာ ဘယ်လောက်တန်မယ် ထင်ပါသလဲ? ဒေါ်လာ ၄၀၀ ဘီလီယမ်ရှိပါတယ်။ Company G ကနေ Company M ကို ရောက်လာမယ့် ငွေတွေပါ။ “ လို့ ပြောပါတယ်။ Company G ဆိုတာ Google နဲ့ Company M ဆိုတာ Microsoft ကို ရည်ညွှန်းတာပါ။

လူအများစုက Microsoft ဟာ Apple iPhone ကို အနိုင်မယူနိုင်ခဲ့ခြင်းမှာ Steve Ballmer ရဲ့ အမှားလို့ ယူဆထားကြပါတယ်။ အဲဒီအချိန်တုန်းက Ballmer ဟာ ကီးဘုတ်တောင် မပါဘဲ ဒီလောက် ဈေးကြီးတဲ့ ဖုန်းကို ဘယ်သူကမှ ကိုင်ချင်မှာ မဟုတ်ဘူးလို့ လှောင်ပြောင်ခဲ့တဲ့ ဖြစ်ရပ်ဟာ လူသိများခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက ပီစီမှ Windows ရဲ့ အရွယ်သေး ဗားရှင်း ဖြစ်တဲ့ Windows Mobile ကို Microsoft က ဖန်တီးထားတာပါ။ ၂၀၀၇ ခုနှစ်မှာ iPhone ကို စတင် ရောင်းချချိန်မှာ လူတွေက All-screen OS ကို ပိုကြိုက်တယ်ဆိုတာ ထင်ရှားသွားပါတယ်။ Microsoft ဟာ ၂၀၁၀ ခုနှစ်မှာ Windows Phone 7 နဲ့ စမတ်ဖုန်း နယ်ပယ်ကို ပြန်လည် ဝင်ရောက်ခဲ့ပေမယ့် Android , iOS များကို မယှဉ်နိုင်ခဲ့ပါဘူး။ Microsoft ဟာ စမတ်ဖုန်း နယ်ပယ်ကို စွန့်ခွာခဲ့ရပေမယ့် ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ စီအီးအို Satya Nadella ကြောင့် Apple , Google တို့ကို ကျော်တက်ပြီး ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Ref : gsmarena