Zawgyi
ဇူလိုင်လ ၃၀ ရက်နေ့မှာ Xiaomi ဟာ သူတို့ရဲ့ Gaming စမတ်ဖုန်းအမှတ်တံဆိပ် Black Shark 2 Pro ကို တရုတ်ပြည်တွင်းမှာကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ Snapdragon 855+ နဲ့ထုတ်လုပ်တဲ့ ပထမဆုံးဖုန်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒီဖုန်းကို တရုတ်ပြည်တွင်းမှာ ရောင်းချရာမှာတော့ 12GB RAM / 128GB Storage အတွဲနဲ့ 12GB RAM / 256 GB Storage မန်မိုရီအတွဲဆိုပြီး နှစ်မျိုးကိုသာ မိတ်ဆက်လာခဲ့တာပါ။
လက်ရှိ Black Shark 2 Pro ဖုန်းရဲ့ 12GB RAM / 128GB Storage မော်ဒယ်ဟာ တရုတ်ယွမ်ငွေ ၂၉၉၉ (မြန်မာငွေ ခြောက်သိန်းခွဲ) နဲ့ 12GB RAM / 256 GB Storage မော်ဒယ်က တရုတ်ယွမ်ငွေ ၃၄၉၉ (မြန်မာငွေ ၇.၆၇ သိန်း) အသီးသီး သတ်မှတ်ထားတာပါ။
Ref – Playful Droid
Unicode
ဇူလိုင်လ ၃၀ ရက်နေ့မှာ Xiaomi ဟာ သူတို့ရဲ့ Gaming စမတ်ဖုန်းအမှတ်တံဆိပ် Black Shark 2 Pro ကို တရုတ်ပြည်တွင်းမှာကြေငြာခဲ့ပြီး ကုမ္ပဏီရဲ့ Snapdragon 855+ နဲ့ထုတ်လုပ်တဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းကို တရုတ်ပြည်တွင်းမှာ ရောင်းချရာမှာတော့ 12GB RAM / 128GB Storage အတွဲနဲ့ 12 / 256 GB မန်မိုရီအတွဲဆိုပြီး နှစ်မျိုးကိုသာ မိတ်ဆက်လာခဲ့တာပါ။
ဒါပေမယ့် Black Shark 2 Pro ရဲ့ TENAA မှတ်ပုံတင်စာရင်းမှာတော့ သူ့ရဲ့ မန်မိုရီ Combo တွေဟာ ဒီထက်ရွေးချယ်စရာများတာကို တွေ့ရတဲ့အတွက် နောက်ထပ်အချိန်အနည်းငယ်ကြာရင် ထပ်မံ ထွက်ရှိလာနိုင်သေးတယ်လို့ ယူဆစရာဖြစ်နေပါတယ်။
TENAA ရဲ့မှတ်ပုံတင်ဓါတ်ပုံထဲမှာတော့ Black Shark 2 Pro ဖုန်းဟာ မော်ဒယ်နံပါတ် DLT-A0 နဲ့ဖြစ်ပြီး မိတ်ဆက်ပွဲမှာ ကြေငြာခဲ့တဲ့ 12GB RAM ဗားရှင်းအပြင်ကို မကြေငြာခဲ့တဲ့ 6GB နဲ့ 8GB ဗားရှင်းတွေပါ ရှိနေတာကို တွေ့ရတာပါ။ ဒါ့အပြင် အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း 128GB နဲ့ 256GB Storage ဗားရှင်းတွေအပြင် TENAA စာရင်းထဲမှာတော့ 512GB Storage မော်ဒယ်ကိုပါ အခုလိုတွေ့ရပါတယ်။
လက်ရှိ Black Shark 2 Pro ဖုန်းရဲ့ 12 / 128 GB မော်ဒယ်ဟာ တရုတ်ယွမ်ငွေ ၂၉၉၉ (မြန်မာငွေ ခြောက်သိန်းခွဲ) နဲ့ 12 / 256 GB မော်ဒယ်က တရုတ်ယွမ်ငွေ ၃၄၉၉ (မြန်မာငွေ ၇.၆၇ သိန်း) အသီးသီး သတ်မှတ်ထားတာပါ။
ဒါ့ကြောင့် 6GB / 8GB RAM ဗားရှင်းတွေဟာ လက်ရှိရောင်းချနေတဲ့ Black Shark 2 Pro ဈေးနှုန်းတွေထက် ချိုသာမှာဖြစ်ပြီး 512GB Storage မော်ဒယ်ကတော့ ဈေးပိုမြင့်တဲ့ ဗားရှင်းဖြစ်မယ်လို့ အလွယ်တကူပဲ ယူဆနိုင်ပါတယ်။
Ref – Playful Droid