Zawgyi
အခုႏွစ္ မတ္လမွာ Black Shark 2 ဖုန္းကို မိတ္ဆက္ခဲ့ၾကၿပီး ဒီဖုန္းဟာ အခုခ်ိန္ထိ ဝယ္ယူရရွိႏုိင္သမွ် အေကာင္းဆုံး Gaming ဖုန္းေတြထဲက တစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ Qualcomm ဟာ ၿပိဳင္ဆုိင္မႈျမင့္မားလာတဲ့ မုိဘုိင္း Gaming ေလာကအတြက္ ခ်စ္ပ္ဆက္အသစ္ကို ထုတ္လုပ္မယ္လို႔ သတင္းထြက္လာၿပီးတဲ့ေနာက္ Black Shark ကလည္း Black Shark 2 Pro အမည္ရ Gaming Phone အသစ္ကို ထပ္မံမိတ္ဆက္ဖို႔ ေၾကျငာလာခဲ့တာ ျဖစ္ပါတယ္။
Black Shark 2 Pro ဟာ သူ႕မ်ဳိးဆက္ေဟာင္းထက္ အေသးစားျမွင့္တင္မႈေတြျပဳလုပ္လာၿပီး Snapdragon 855+ ေနာက္ဆုံးထြက္ခ်စ္ပ္ဆက္နဲ႔ ပိုမုိျမန္ဆန္တဲ့ UFS 3.0 Standard Storage တုိ႔ကို သုံးစြဲလာပါတယ္။ ဒီဇုိင္းပိုင္းမွာေတာ့ ကိုင္တြယ္ရျမဲျမံေအာင္နဲ႔ ေနာက္ေက်ာမွာ RGB Light အသစ္ႏွစ္ခုတုိ႔ ထပ္မံျဖည့္စြက္လာတယ္။
ေရွ႕ဘက္မွာ 6.39” လက္မအရြယ္ AMOLED Display ကိုပဲ ျပန္လည္ျမင္ေတြ႕ရမွာျဖစ္ကာ FHD+ Resolution ရရွိႏုိင္မွာပါ။ ဘာကြာသြားလဲဆုိရင္ေတာ့ Black Shark 2 မွာပါဝင္ခဲ့တဲ့ Touch Latency ကို 43.5ms ကေန အခု 34.7ms သာက်န္ေအာင္ ေလ်ာ့ခ်ထားႏုိင္တယ္လို႔ေတာ့ ေျပာပါတယ္။ အရမ္းႀကီးမသိသာေပမယ့္ Gaming သမားေတြကေတာ့ ပိုဝမ္းသာမွာပါ။ Black Shark 2 မွာလုိပဲ Fingerprint ကိုလည္း Under-display ပဲ အသုံးျပဳထားတယ္။
အတြင္းပုိင္းမွာ ဒီဟန္းဆက္ဟာ ေနာက္ဆုံးေပၚ Snapdragon 855+ ခ်စ္ပ္ဆက္ကို 12GB RAM မန္မုိရီနဲ႔ တြဲဖက္ေပးထားတယ္။ ပိုမုိျမန္ဆန္တဲ့ UFS 3.0 Standard နဲ႔ Storage ကိုေတာ့ 128 သို႔မဟုတ္ 256GB နဲ႔ ရရွိႏုိင္မွာပါ။
ကင္မရာပုိင္းမွာ အဓိကကင္မရာကို 48MP f/1.75 Sensor နဲ႔ 12MP f/2.2 အတြဲသုံးထားၿပီး ဆယ္ဖီကင္မရာကေတာ့ 20MP f/2.0 ျဖစ္ပါတယ္။ ဘကၳရီကို 4,000 mAh ပဲျပန္သုံးထားၿပီး 27W အားအျမန္သြင္းစနစ္ပါဝင္ပါတယ္။ မုိဘုိင္းစက္ႏွင္စနစ္ကို Android 9 Pie ရဲ႕ Stock အဆင့္နီးပါး ဗားရွင္းကို အသုံးျပဳႏုိင္မွာပါ။
Black Shark 2 Pro ကို တရုတ္ျပည္တြင္းမွာေတာ့ ၾသဂုတ္လ ၂ ရက္ေန႔ကစၿပီး ေရာင္းခ်သြားမွာျဖစ္ကာ Black, Silver, Blue, Orange, Purple အေရာင္ငါးမ်ဳိးနဲ႔ ရရွိမွာပါ။ 12/128 GB ဗားရွင္းကို တရုတ္ယြမ္ 2,999 (ျမန္မာေငြ ေျခာက္သိန္းခြဲခန္႔) နဲ႔ရရွိႏုိင္မွာျဖစ္ၿပီး 12/256 GB ေမာ္ဒယ္ကိုေတာ့ တရုတ္ယြမ္ေငြ 3,499 (ျမန္မာေငြ ၇ သိန္း ၆ ေသာင္းေက်ာ္) သတ္မွတ္ထားတာ ေတြ႕ရပါတယ္။
Ref – GSM Arena
Unicode
အခုနှစ် မတ်လမှာ Black Shark 2 ဖုန်းကို မိတ်ဆက်ခဲ့ကြပြီး ဒီဖုန်းဟာ အခုချိန်ထိ ဝယ်ယူရရှိနိုင်သမျှ အကောင်းဆုံး Gaming ဖုန်းတွေထဲက တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm ဟာ ပြိုင်ဆိုင်မှုမြင့်မားလာတဲ့ မိုဘိုင်း Gaming လောကအတွက် ချစ်ပ်ဆက်အသစ်ကို ထုတ်လုပ်မယ်လို့ သတင်းထွက်လာပြီးတဲ့နောက် Black Shark ကလည်း Black Shark 2 Pro အမည်ရ Gaming Phone အသစ်ကို ထပ်မံမိတ်ဆက်ဖို့ ကြေငြာလာခဲ့တာ ဖြစ်ပါတယ်။
Black Shark 2 Pro ဟာ သူ့မျိုးဆက်ဟောင်းထက် အသေးစားမြှင့်တင်မှုတွေပြုလုပ်လာပြီး Snapdragon 855+ နောက်ဆုံးထွက်ချစ်ပ်ဆက်နဲ့ ပိုမိုမြန်ဆန်တဲ့ UFS 3.0 Standard Storage တို့ကို သုံးစွဲလာပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ ကိုင်တွယ်ရမြဲမြံအောင်နဲ့ နောက်ကျောမှာ RGB Light အသစ်နှစ်ခုတို့ ထပ်မံဖြည့်စွက်လာတယ်။
ရှေ့ဘက်မှာ 6.39” လက်မအရွယ် AMOLED Display ကိုပဲ ပြန်လည်မြင်တွေ့ရမှာဖြစ်ကာ FHD+ Resolution ရရှိနိုင်မှာပါ။ ဘာကွာသွားလဲဆိုရင်တော့ Black Shark 2 မှာပါဝင်ခဲ့တဲ့ Touch Latency ကို 43.5ms ကနေ အခု 34.7ms သာကျန်အောင် လျော့ချထားနိုင်တယ်လို့တော့ ပြောပါတယ်။ အရမ်းကြီးမသိသာပေမယ့် Gaming သမားတွေကတော့ ပိုဝမ်းသာမှာပါ။ Black Shark 2 မှာလိုပဲ Fingerprint ကိုလည်း Under-display ပဲ အသုံးပြုထားတယ်။
အတွင်းပိုင်းမှာ ဒီဟန်းဆက်ဟာ နောက်ဆုံးပေါ် Snapdragon 855+ ချစ်ပ်ဆက်ကို 12GB RAM မန်မိုရီနဲ့ တွဲဖက်ပေးထားတယ်။ ပိုမိုမြန်ဆန်တဲ့ UFS 3.0 Standard နဲ့ Storage ကိုတော့ 128 သို့မဟုတ် 256GB နဲ့ ရရှိနိုင်မှာပါ။
ကင်မရာပိုင်းမှာ အဓိကကင်မရာကို 48MP f/1.75 Sensor နဲ့ 12MP f/2.2 အတွဲသုံးထားပြီး ဆယ်ဖီကင်မရာကတော့ 20MP f/2.0 ဖြစ်ပါတယ်။ ဘက္ထရီကို 4,000 mAh ပဲပြန်သုံးထားပြီး 27W အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။ မိုဘိုင်းစက်နှင်စနစ်ကို Android 9 Pie ရဲ့ Stock အဆင့်နီးပါး ဗားရှင်းကို အသုံးပြုနိုင်မှာပါ။
Black Shark 2 Pro ကို တရုတ်ပြည်တွင်းမှာတော့ သြဂုတ်လ ၂ ရက်နေ့ကစပြီး ရောင်းချသွားမှာဖြစ်ကာ Black, Silver, Blue, Orange, Purple အရောင်ငါးမျိုးနဲ့ ရရှိမှာပါ။ 12/128 GB ဗားရှင်းကို တရုတ်ယွမ် 2,999 (မြန်မာငွေ ခြောက်သိန်းခွဲခန့်) နဲ့ရရှိနိုင်မှာဖြစ်ပြီး 12/256 GB မော်ဒယ်ကိုတော့ တရုတ်ယွမ်ငွေ 3,499 (မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်) သတ်မှတ်ထားတာ တွေ့ရပါတယ်။
Ref – GSM Arena