Black Shark 3S ကို ဒီလ ၃၁ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။  အဲဒီဖုန်းရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်နေပြီး အခုလည်း USB 3.0 ကနေ Screen Mirroring ပြုလုပ်နိုင်တဲ့ နောက်ဆုံးထုတ်  JOYUI 12 မောင်းနှင်ထားမယ်လို့ သိရပါတယ်။ အဲဒီဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်ပြီး Black Shark App ကို ဖွင့်လိုက်ရင် ဖုန်း Screen ကို ကွန်ပြူတာမှာ 60fps နဲ့ Mirror ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ( ဖုန်းရဲ့ AMOLED မျက်နှာပြင်က 120Hz အထိ ထောက်ပံ့ပါတယ်။ )

App ကနေ Keyboard နဲ့ Mouse Input တွေကို အသုံးပြုလို့ရမှာ ဖြစ်ပြီး Controls တွေကို ပိုင်ရှင် စိတ်ကြိုက် Customize ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အောက်က သရုပ်ပြ ဗီဒီယိုမှာ ဂိမ်း ကစားတာကို ပြသထားပြီး ဘယ်လို App မျိုးမဆို အသုံးပြုနိုင်ပါတယ်။

ဖုန်းကနေပဲ ကစားချင်တယ်ဆိုရင် Motion Controls တွေကို သုံးနိုင်တဲ့ အားသာချက်ရှိပါတယ်။ Gyroscope က  ဖုန်း လှုပ်ရှားမှုကို ခြေရာခံနိုင်ပြီး Gestures ၆ ခုကို သုံးကာ ဖုန်းကို လှုပ်ခါ ကစားနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Shoulder Keys တွေကနေလည်း ထိန်းချုပ်ကစားနိုင်ပြီး အဲဒီ ခလုတ်တွေဟာ တခြား ဖုန်းတွေနဲ့လည်း အလုပ်လုပ်ပါတယ်။

JOYUI 12 ရဲ့ လုပ်ဆောင်ချက် အသစ် ၁ ခုက Game Barrage ဖြစ်ပြီး Game Screen အပေါ်မှာ SMS, WeChat , QQ တို့ရဲ့ Notification တွေကို ပြသပေးနိုင်ပါတယ်။ Chat Head လို မဟုတ်ဘဲ Full Message ကို ပြသပေးပြီး Text Color နဲ့ Transparency ကို ချိန်ညှိနိုင်ပါတယ်။ JOYUI 12 မှာ Voice Command တွေကို သုံးပြီး Screenshot ရိုက်တာ၊ Screen Recording လုပ်တာ၊ ဖုန်း ဖြေတာတွေ ပြုလုပ်နိုင်ပါတယ်။

Ref: gsmarena