Black Shark က တရုတ်မှာ စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ GS3 လို့ အမည်ပေးထားပြီး အကြမ်းခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Black Shark GS3 Smartwatch

GS3 မှာ 1.43” AMOLED Display တပ်ဆင်ထားပြီး 60Hz Refresh Rate နဲ့ 600 Nits Brightness ထောက်ပံ့ထားပါတယ်။ မာကျောတဲ့ 8H+ Corning Gorilla Glass နဲ့ ကာကွယ်ထားပြီး Rotating Digital Crown ပါပါတယ်။

Black Shark GS3 Smartwatch

Sports Mode ပေါင်း ၁၀၀ ကျော် ပါလာပြီး နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေကို စောင့်ကြည့်ပေးနိုင်ပြီး လမ်းလျှောက်တဲ့ ခြေလှမ်း ၊ ကယ်လိုရီ ပမာဏနဲ့ သွေးဖိအားကို တွက်ချက်ပေးနိုင်ပါတယ်။

Black Shark GS3 Smartwatch

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တာက ရေငုပ်သမားတွေအတွက် အသုံးဝင်ပါတယ်။ AI Watch Faces, Baidu Maps Navigation နဲ့ NFC ငွေပေးချေမှုတွေ ထည့်သွင်းထားပြီး Baidu Wenxin Yiyuan AI Assistant ကို အသံနဲ့ ခိုင်းစေနိုင်ပါတယ်။

ဘက်ထရီ သက်တမ်းက ၂၁ ရက် ဖြစ်ပြီး ခဏခဏ အားသွင်းစရာ မလိုပါဘူး။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစမ်ပြီး ၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gizmochina