Zawgyi

BlackBerry အေနနဲ႔ BlackBerry Evolve လို႔ေခၚတဲ့ Android OS အသုံးျပဳ စမတ္ဖုန္းကို အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းကို ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး E-commerce ဝက္ဆိုက္တစ္ခုျဖစ္တဲ့ Amazon ကေန တစ္ဆင့္ေရာင္းခ်ေနတာပါ။

BlackBerry Evolve ဟာ Android 8.1 Oreo နဲ႔ ပြဲထြက္ခဲ့တာ ျဖစ္ၿပီး ၅.၉၉ လက္မ မ်က္ႏွာျပင္အက်ယ္ရွိ FHD+ LCD Display ကို အသုံးျပဳထားပါတယ္။ Resolution က 1080 x 2160 pixels ရွိၿပီး Maximum Brightness က 500 nits အထိ ရွိတယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ Snapdragon 450 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 13MP+13MP Camera ၂လုံးကို တြဲလ်က္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh ထည့္သြင္းေပးထားၿပီး Quick Charge 3.0 အျမန္အားသြင္းစနစ္ ပါဝင္မွာပါ။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ BlackBerry Evolve ကို အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၂၄,၉၉၀ (ျမန္မာေငြ ၅၃၀,၀၀၀ ဝန္းက်င္) ျဖစ္ပါတယ္။

Ref : gadgets.ndtv

Unicode

BlackBerry Evolve ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချ

BlackBerry အနေနဲ့ BlackBerry Evolve လို့ခေါ်တဲ့ Android OS အသုံးပြု စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး E-commerce ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Amazon ကနေ တစ်ဆင့်ရောင်းချနေတာပါ။

BlackBerry Evolve ဟာ Android 8.1 Oreo နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပြီး ၅.၉၉ လက်မ မျက်နှာပြင်အကျယ်ရှိ FHD+ LCD Display ကို အသုံးပြုထားပါတယ်။ Resolution က 1080 x 2160 pixels ရှိပြီး Maximum Brightness က 500 nits အထိ ရှိတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Snapdragon 450 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 13MP+13MP Camera ၂လုံးကို တွဲလျက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ထည့်သွင်းပေးထားပြီး Quick Charge 3.0 အမြန်အားသွင်းစနစ် ပါဝင်မှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ BlackBerry Evolve ကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၂၄,၉၉၀ (မြန်မာငွေ ၅၃၀,၀၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref : gadgets.ndtv