Zawgyi Font Version

Physical Keypad ေတြနဲ႔ စမတ္ဖုန္းေတြဟာ ဒီေန႔ေခတ္မွာ ေခတ္မစားေတာ့ပါဘူး။ ဒါေပမယ့္လည္း TCL Communication ကထုတ္လုပ္ေနတဲ့ BlackBerry Smartphone ေတြမွာေတာ့ Physical Keypad ေတြထည့္သြင္းေနဆဲပါပဲ။ TCL ဟာ BlackBerry KEYOne နဲ႔ BlackBerey Priv တို႔ကို Physical Keypad ေတြနဲ႔ပြဲထုတ္ထားျပီး ကြယ္ေပ်ာက္လုနီးပါးျဖစ္ေနတဲ့ BlackBerry စမတ္ဖုန္းေတြကိုျပန္လည္အသက္သြင္းဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း HMD Global ရဲ႕ Nokia စမတ္ဖုန္းေတြကို ျပန္လည္အသက္သြင္းႏိုင္စြမ္းကိုေတာ့ မမွီေသးေပမယ့္ ေနာက္ထုတ္လိုက္တဲ့ BlackBerry Key2 ကိုေတာ့ စိတ္ဝင္စားတဲ့သူအေတာ္မ်ားခဲ့ပါတယ္။

ပိုမိုေစ်းသက္သာမယ့္ BlackBerry KEY2 ရဲ႕ ေမာ္ဒယ္ေနာက္တစ္မ်ိဳး ဟာ ဇြန္လ နဲ႔ ၾသဂုတ္လ အလယ္ေလာက္ကတည္းက သတင္းထြက္ေနခဲ့တာျဖစ္ပါတယ္။  KEY2 ကိုအနည္းငယ္အဆင့္နိမ့္ထားတဲ့ ေမာ္ဒယ္ျဖစ္ပါတယ္။

KEY2 နဲ႔ KEY2 LE ၾကားမွာ ကြာျခားခ်က္ေလးေတြကေတာ့ Snapdragon 636, ကင္မရာ Resolution, Battery ပမာဏ တို႔ပဲျဖစ္ပါတယ္။ အဆိုပါ အပိုင္းေတြမွာ KEY2 LE က မဆိုသေလာက္ေလးအားနည္းတာကိုေတြ႔ရပါတယ္။ KEY2 LE ရဲ႕ Snapdragon 636 က KEY2 ရဲ႕ Snapdragon 660 ေလာက္ Powerful မျဖစ္ပါဘူး။ KEY2 LE မွာ ပလက္စတစ္အသံုးျပဳထားလို႔ Metal Body သံုးထားတဲ့ KEY2 ထက္ အမ်ားၾကီးေပါ့ပါး ပါတယ္။ ဒါေပမယ့္လည္း ဒီဇိုင္းကာလာဘာညာက အတူတူပဲျဖစ္ျပီး သံုးထားတဲ့ Android Software ကလည္း အတူတူပါပဲ။ KEY2 LE ရဲ႕ Physical Keypad ဟာ App ေတြဝင္တဲ့ေနရာမွာ အရမ္းလွ်င္ျမန္ေစျပီး Google Assistant ကိုေခၚဆိုဖို႔ ခလုတ္သပ္သပ္ပါရွိပါတယ္။ 32GB Model ကို $400 နဲ႔ ေရာင္းခ်မွျဖစ္ပါတယ္။ BlackBerry KEY2 LE ဟာ နာမည္ေတာ္ေတာ္ၾကီးခဲ့တဲ့ BlackBerry ရဲ႕ Keypad ဖုန္းေတြကိုမေမ့ႏိုင္တဲ့သူေတြအတြက္ပါပဲ။ Touch Screen သီးသန္႔ စမတ္ဖုန္းေတြၾကားထဲမွာ ကိုယ္တစ္ေယာက္ပဲ သီးသန္႔ကြဲထြက္ေနတဲ့ ဖီးလ္ေလးက ေတာ္ေတာ္ေတာ့မိုက္မွာပါ။

Ref: XDA News

Unicode Version

Physical Keypad တွေနဲ့ စမတ်ဖုန်းတွေဟာ ဒီနေ့ခေတ်မှာ ခေတ်မစားတော့ပါဘူး။ ဒါပေမယ့်လည်း TCL Communication ကထုတ်လုပ်နေတဲ့ BlackBerry Smartphone တွေမှာတော့ Physical Keypad တွေထည့်သွင်းနေဆဲပါပဲ။ TCL ဟာ BlackBerry KEYOne နဲ့ BlackBerey Priv တို့ကို Physical Keypad တွေနဲ့ပွဲထုတ်ထားပြီး ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ BlackBerry စမတ်ဖုန်းတွေကိုပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း HMD Global ရဲ့ Nokia စမတ်ဖုန်းတွေကို ပြန်လည်အသက်သွင်းနိုင်စွမ်းကိုတော့ မမှီသေးပေမယ့် နောက်ထုတ်လိုက်တဲ့ BlackBerry Key2 ကိုတော့ စိတ်ဝင်စားတဲ့သူအတော်များခဲ့ပါတယ်။

ပိုမိုဈေးသက်သာမယ့် BlackBerry KEY2 ရဲ့ မော်ဒယ်နောက်တစ်မျိုး ဟာ ဇွန်လ နဲ့ သြဂုတ်လ အလယ်လောက်ကတည်းက သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။ KEY2 ကိုအနည်းငယ်အဆင့်နိမ့်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။

KEY2 နဲ့ KEY2 LE ကြားမှာ ကွာခြားချက်လေးတွေကတော့ Snapdragon 636, ကင်မရာ Resolution, Battery ပမာဏ တို့ပဲဖြစ်ပါတယ်။ အဆိုပါ အပိုင်းတွေမှာ KEY2 LE က မဆိုသလောက်လေးအားနည်းတာကိုတွေ့ရပါတယ်။ KEY2 LE ရဲ့ Snapdragon 636 က KEY2 ရဲ့ Snapdragon 660 လောက် Powerful မဖြစ်ပါဘူး။ KEY2 LE မှာ ပလက်စတစ်အသုံးပြုထားလို့ Metal Body သုံးထားတဲ့ KEY2 ထက် အများကြီးပေါ့ပါး ပါတယ်။ ဒါပေမယ့်လည်း ဒီဇိုင်းကာလာဘာညာက အတူတူပဲဖြစ်ပြီး သုံးထားတဲ့ Android Software ကလည်း အတူတူပါပဲ။ KEY2 LE ရဲ့ Physical Keypad ဟာ App တွေဝင်တဲ့နေရာမှာ အရမ်းလျှင်မြန်စေပြီး Google Assistant ကိုခေါ်ဆိုဖို့ ခလုတ်သပ်သပ်ပါရှိပါတယ်။ 32GB Model ကို $400 နဲ့ ရောင်းချမှဖြစ်ပါတယ်။ BlackBerry KEY2 LE ဟာ နာမည်တော်တော်ကြီးခဲ့တဲ့ BlackBerry ရဲ့ Keypad ဖုန်းတွေကိုမမေ့နိုင်တဲ့သူတွေအတွက်ပါပဲ။ Touch Screen သီးသန့် စမတ်ဖုန်းတွေကြားထဲမှာ ကိုယ်တစ်ယောက်ပဲ သီးသန့်ကွဲထွက်နေတဲ့ ဖီးလ်လေးက တော်တော်တော့မိုက်မှာပါ။

Ref: XDA News