Zawgyi
BlackBerry KEY 2 LE ကို အရောင်တွေ အနေနဲ့ Atomic, Champagne, နဲ့ Slate ဆိုပြီး အရောင် ၃မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ KEY 2 LE ကို အမေရိကမှာ စတင်ရောင်းချသွားမယ့် ဈေးနှုန်းကတော့ RAM 4GB + Storage 32GB မော်ဒယ်ကို ကန်ဒေါ်လာ ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆သိန်း ဝန်းကျင်), RAM 4GB + Storage 64GB မော်ဒယ်ကို ကန်ဒေါ်လာ ၄၉၉ ဒေါ်လာ (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။
Ref:gadgets.ndtv
Unicode
Physical QWERTY keyboard ပါတဲ့ BlackBerry KEY 2 LE ကို IFA 2018 မှာ မိတ်ဆက်
BlackBerry KEY 2 LE ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဇွန်လတုန်းက မိတ်ဆက်ခဲ့တဲ့ BlackBerry KEY 2 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ မျိူးဆက်သစ် စမတ်ဖုန်း ဆိုပေမယ့် BlackBerry KEY 2 ထက် ပိုပြီး အဆင့်မြင့်လာတဲ့ စမတ်ဖုန်းတော့ မဟုတ်ပါဘူး။ BlackBerry KEY 2 လိုမျိူး ဒီဇိုင်းပြုလုပ်ထားပြီး Processor အပိုင်း၊ ဘက်ထရီ အပိုင်းနဲ့ ကင်မရာအပိုင်းတွေကို လျော့ချထားတဲ့ KEY 2 LE ဖြစ်ပါတယ်။ BlackBerry အနေနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ IFA 2018 နည်းပညာ ပြပွဲကြီးမှာ KEY 2 LE ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
BlackBerry KEY2 LE Specifications
KEY 2 LE ဟာ Android 8.1 Oreo နဲ့အတူ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ၄.၅ လက်မမျက်နှာပြင် အကျယ်ရှိ FHD+ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 1620 pixels ရှိပါတယ်။ 3:2 Aspect ratio Display အမျိူးအစားကို အသုံးပြုထားပြီး Pixel density ကတော့ 434ppi ရှိမှာပါ။ Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။
နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် Aperture f/2.2 ရှိတဲ့ 13MP Camera နဲ့ Aperture f/2.4 ရှိတဲ့ 5MP Camera တွေကို တွဲလျက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3000mAh ထည့်သွင်းပေထားပြီး 18W Quick Charge 3.0 အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ပါဝင်မှာဖြစ်ပြီး Fingerprint Sensor ကို Physical QWERTY keyboard ရဲ့ Spacebar နေရာမှာ ထည့်သွင်းပေးထားပါတယ်။ အလေးချိန်ကတော့ ၁၅၆ ဂရမ် ရှိမှာပါ။
BlackBerry KEY 2 LE ကို အရောင်တွေ အနေနဲ့ Atomic, Champagne, နဲ့ Slate ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ KEY 2 LE ကို အမေရိကမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ RAM 4GB + Storage 32GB မော်ဒယ်ကို ကန်ဒေါ်လာ ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆သိန်း ဝန်းကျင်), RAM 4GB + Storage 64GB မော်ဒယ်ကို ကန်ဒေါ်လာ ၄၉၉ ဒေါ်လာ (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။
Ref:gadgets.ndtv