BlackBerry ကုမ္ပဏီဟာ သာမန်အားဖြင့် Physical Keyboard တွေနဲ့ ကိုယ်ပိုင် BlackBerry OS ကိုအသုံးပြုထားတဲ့ဖုန်းတွေအနေနဲ့ လူသိများတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလတုန်းက BlackBerry Priv စမတ်ဖုန်းနဲ့ Android စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

BlackBerry Priv ဖုန်းဟာ ဆွဲထုတ်နိုင်တဲ့ Physical Keyboard ပါဝင်ပြီး 5.4″ Curved Display လည်း ပါဝင်တာဖြစ်ပါတယ်။ RAM 3GB နဲ့ Storage 32GB ပါဝင်တဲ့အပြင် 18MP Camera တွေလည်းပါဝင်တဲ့အတွက် Android ဖုန်းဈေးကွက်ထဲမှာလည်း ထိပ်တန်းဖုန်းတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချိန် ၂ နှစ်ကြာပြီးတဲ့အချိန်မှာတော့ BlackBerry ဟာ သူရဲ့ ပထမဆုံး Android ဖုန်းကို သတ်ပစ်လိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး End of Life အနေနဲ့ ကြေငြာလိုက်တဲ့အတွက် BlackBerry Priv ဟာ BlackBerry ရဲ့ Services တွေ၊ Web Store တွေနဲ့ Software Support ရရှိနိုင်တော့မှာမဟုတ်ပဲ Android Version Update တွေ၊ Security Patches တွေလည်း Update လုံးဝပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

တကယ်လို့ BlackBerry Priv ဖုန်းကို ဝယ်ယူဖို့ စိတ်ကူးနေတဲ့သူတွေရှိရင် ဒီသတင်းလေးကို Share ပေးလိုက်ကြပါဦး။