BlackBerry စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်းမှာ Samsung ၊ Huawei နဲ့ အခြားသော စမတ်ဖုန်းတွေလိုမျိုး ရောင်းအားကောင်းပြီး အောင်မြင်တဲ့စမတ်ဖုန်းအများအပြားကို မထုတ်လုပ်နိုင်တော့တာ နှစ်အနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။ အခုဒီနှစ် ၂၀၁၈ မှာလည်း BlackBerry ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုဟာ နည်းပါးနေဦးမယ်လို့ သိရပါတယ်။

BlackBerry ဟာ သူရဲ့ကိုယ်ပိုင် Operating System ဖြစ်တဲ့ BlackBerry OS ကိုစွန့်လွှတ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က Android OS ကို အသုံးပြုထားတဲ့ BlackBerry OS နဲ့ စမတ်ဖုန်းဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ BlackBerry ကနေ KeyOne စမတ်ဖုန်းကို BlackBerry Priv ရဲ့ မျိုးဆက်အနေနဲ့ ထုတ်လုပ်ခဲ့ပေမယ့် ယခင် BlackBerry Priv ဖုန်းလော်က အောင်မြင်မှုမရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် BlackBerry စမတ်ဖုန်းတွေကိုထုတ်လုပ်နေတဲ့ TCL ကုမ္ပဏီကနေ ယခုနှစ်အတွက် စမတ်ဖုန်း ၂ လုံးပဲထုတ်လုပ်မှာဖြစ်တယ်လို့ ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းတွေက BlackBerry Priv လိုမျိုး High End Flagship စမတ်ဖုန်းလား၊ KeyOne ဖုန်းလိုမျိုး Mid Range ပဲဖြစ်လာမလားဆိုတာကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး။

အချို့ကလည်း BlackBerry ဟာ သူရဲ့ Trademark ဖြစ်တဲ့ Physical Keyboard ဒီဇိုင်းကို စွန့်လွှတ်ပြီး ပုံမှန် Android ဖုန်းတွေလိုပဲ Screen အပြည့် Touch Full Screen Display နဲ့ ထွက်ရှိလာမယ်လို့ ခန့်မှန်းနေကြပါတယ်။ မိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲ?